"ဘာလို့လဲဆိုတော့......"
ရင်ခုန်ချင်းများနှင့်အတူ Chanyeolပြောလာမဲ့စကားကို စောင့်နေသည်။
"အင်း..ဘာလို့လဲ"
ထပ်ပြီးမေးကြည့်လိုက်တော့လဲ ပြောစရာရှိမပြောသေးဘဲပြုံးပြီးပြန်ကြည့်နေတာကြောင့်Baekhyunစိတ်တိုသွားသည်။
"တကယ်ဘဲ သိချင်တာလား"
"သိချင်လို့မေးတာပေါ့ မသိချင်ရင်မေးပါ့မလား"
Baekhyunကနှုတ်ခမ်းလေးထော်ကာ ဆူပုတ်ပုတ်ကလေးနဲ့ဆိုတော့ Chanyeolရင်ထဲ ကလိကလိနဲ့။
"ဟုတ်ပါပြီ ကိုယ်ပြောမယ်နော် သေချာနားထောင်"
"အင်း ပြော"
အသက်ကိုပြင်းပြင်းရှူထုတ်ပြီး Chanyeolစကားစလိုက်သည်။
"တကယ်တော့ ကိုယ်က..."
Beep Beep
"တကယ်တော့.."
Beep Beep
"ကိုယ်က.."
Beep Beep
"ကိုယ်....ကျစ်!"
"ကယ် Mr.Parkရယ် ဖုန်းအရင်ကိုင်လိုက်ပါနော် ပြီးမှဆက်ပြော"
တစ်ခွန်းပြောတိုင်း ထထမြည်လာတဲ့ဖုန်းကြောင့်Chanyeolထိုဖုန်းအားGravityအပြင်ဘက်ထိတောင် လွတ်ပစ်ချင်သွားသည်။
"အင်း ခဏ"
Baekhyunအားပြော၍ အိတ်ကပ်ထဲကဖုန်းအားထုတ်ကာ ကိုင်လိုက်သည်။
"ပြော ပြော"
ဆူအောင့်အောင့်နဲ့မျက်မှောင်ကြီးကျုံ့ကာပြောနေတဲ့ChanyeolအားBaekhyunပြုံးစိစိနဲ့ကြည့်နေသည်။
"CEO Park...CEO Park"
"ဘာတုန်း "
"ကျွန်မတို့ CEO Parkကိုလိုက်ရှာနေတာ Companyအနှံ့ဘဲ ရုံးခန်းမှာလက်မှတ်ထိုးနေတာ မဟုတ်လား ဘယ်ပျောက်သွားတာလဲဟင်"
"ဘာလဲ ငါက အခုအပြင်ရောက်နေတာ အတွင်းရေးမှူးချွဲမသိဘူးလား"
"ဟင့်အင်း သိရအောင် CEO Parkကကျွန်မကိုဘာမှမှမပြောခဲ့တာလေ ပြီးေတာ့ကျွန်မဖုန်းဆက်နေတာကြာပြီ ဖုန်းကဆက်မရဘူး"
ဟုတ်သားဘဲ...ငါလဲ လာချင်စောနဲ့လာလိုက်တာ ဘယ်သူမှအသိမပေးခဲ့မိဘူး..ပြီးတော့မိသားစုနဲ့ပျော်နေတာ ဖုန်းလာမှန်းတောင်မသိဘူး...သေလိုက်တော့Chanyeolရေ။
![](https://img.wattpad.com/cover/277165393-288-k634803.jpg)
YOU ARE READING
Hello! Mr.Park (Complete)
Romanceကျွန်တော် ပင်လယ်ကြီးကိုသဘောကျတယ် ... Chanyeolကရော // Byun Baekhyun // ကိုယ်က...မင်းကိုသဘောကျတယ် // Park Chanyeol // ကျွန်တော် ပင်လယ်ကြီးကိုသဘောကျတယ် ... Chanyeolကရော // Byun Baekhyun // ကိုယ်က...မင...