"မား.."
အသံပြုရင်း အိမ်ထဲဝင်လာတဲ့BaekhyunကိုByunမာမားကအပြေးကြိုသည်။မတွေ့ရတဲ့ရက်တွေအတွင်းBaekhyunရဲ့အခြေအနေကောင်းကြောင်းကိုKaiပြောလို့သိပေမဲ့ စိတ်ပူနေခဲ့တယ်။ဒါကြောင့်Baekhyunပြန်လာခြင်းကို Byunမာမားကပျော်ရွှင်ရသည်။
"သား"
Byunမာမားကလာဖက်သည်ကိုပြန်ဖက်ရင်း Byunမာမားရဲ့နောက်ကျောဘက်ဆီက ခေါ်သံ ကြောင့်Baekhyunကြည့်မိတော့
"ပါး!"
မျက်လုံးလေးတွေပြူးကျယ်ပြီးပါးစပ်အဟောင်းသားလေးဖြစ်သွားတဲ့သားဖြစ်သူကိုByunပါပါးကဖက်လိုက်ရင်း
"ပါးသားလေးကိုလွမ်းနေလို့ အမြန်ဆုံးပြန်လာခဲ့တာ"
တစ်နှစ်မှတစ်ခါဆုံကြတဲ့Byunမိသားစုလေး။Baekhyunမျက်ရည်အဝဲသားလေးဖြစ်နေတဲ့ကြားမှ မျက်လုံးတွေမှိတ်တဲ့အထိပြုံးပြတော့ မိဘဖြစ်သူတွေလည်းမျက်ရည်တဝဲဝဲရယ်။Baekhyunအ ပျော်ဆုံးအချိန်ကတော့မိသားစုသုံးယောက်စုံတဲ့အချိန်ဘဲဖြစ်တယ်။အဲ့လိုစုံတိုင်းလဲ Baekhyunအချွဲလေးက မိဘတွေနားကမခွာ။ညအိပ်မယ်ဆိုလဲ မိဘနှစ်ယောက်ရဲ့ကြားထဲမှာအိပ်တတ်တဲ့ အချွဲလေးရယ်ပါ။ခုလည်းBaekhyunတစ်ယောက်Byunပါပါးဝယ်လာပေးတဲ့pikachuညအိပ်ဝတ်စုံလေးကိုဝတ်ရင်း လက်နှစ်ဖက်မှာလဲ ခေါင်းအုပ်နဲ့ ဘဲရုပ်ကလည်းပိုက်ရင်း မိဘနှစ်ယောက်ရဲ့အခန်းထဲသို့ဝင်လာခဲ့သည်။
"မာမား ပါပါး BaekBaekလာပြီ"
ဒီနာမ်စားလေးကတော့ Baekhyunချွဲရင်သုံးတဲ့နာမ်စားလေးပါ။ပြောရင်းမိဘနှစ်ဦးကြားထဲအတင်းတိုးဝင်ကာ အိပ်တဲ့Baekhyun။
"အိုမို အိုမို ချွဲစိန်လေး လွန်ခဲ့တဲ့ရက်တွေကကျ ဟောဒီကမားကိုထားခဲ့ပြီးတော့များ"
Byunမာမားကပြောတော့Baekhyunဇက်ကလေးပုသွားရင်း စပ်ဖြီးဖြီးလုပ်ပြသည်။
"ဟေ သားကဘယ်ကိုသွားခဲ့တာလဲ"
Byunပါပါးကမျက်ခုံးပင့်လျက်မေးတော့ Baekhyunလဲသွားအဖြီးသားလေးလုပ်၍ လျှောက်ဖြေပစ်လိုက်သည်။
"ဟို Kim kaiအိမ်ပါ ဒီတိုင်းအရေးကြီးတဲ့ကိစ္စမလို့"
"အော် အေးပါ အေးပါ ကောင်မလေးကိစ္စတော့မဟုတ်ဘူးမလား"
YOU ARE READING
Hello! Mr.Park (Complete)
Romansaကျွန်တော် ပင်လယ်ကြီးကိုသဘောကျတယ် ... Chanyeolကရော // Byun Baekhyun // ကိုယ်က...မင်းကိုသဘောကျတယ် // Park Chanyeol // ကျွန်တော် ပင်လယ်ကြီးကိုသဘောကျတယ် ... Chanyeolကရော // Byun Baekhyun // ကိုယ်က...မင...