💛12💛

1.4K 173 5
                                    

Chanyeolဖုန်းပြောပြီး စာရင်းတွေပြန်စစ်‌နေတာနဲ့ပင် အချိန်ကနေ့လည်လောက်ရောက်နေပြီ ခုထိ Baekhyunအရိပ်အယောင်ကို မတွေ့သေးတာမို့ စိတ်ပူစိတ်ကတဖွာဖွာမြင့်တက်လာသည်။

ဖုန်းကိုယူ၍Baekhyunneဆိုတဲ့contentလေအားနိုပ်တော့ ဆက်ပိတ်ထားသည်နှင့်တိုးနေတာမို့ Chanyeolမျက်ခုံးတို့စုကုပ်သွားသည်။
ထိုအချိန်တံခါးဖွင့်၍ဝင်လာတဲ့အတွင်းရေးမှူးချွဲ။

"CEO Park လချုပ်စာရင်းတွေတင်ပြဖို့.."

"Baekhyunမလာသေးဘူးလား"

"ရှင်"

Chanyeolစကားကြောင့်အတွင်းရေးမှူးချွဲကကြောင်တောင်တောင်နဲ့လှမ်းကြည့်သည်။

"Baekhyunမလာသေးဘူးလားလို့ တော်တော်နောက်ကျနေပြီ ကျစ်"

Chanyeolကစိတ်မရှည်သလိုလိုနဲ့ကျစ်စုပ်သပ်လျက် ပြောသည်။

"ဟိုCEO Park‌ စောနကတော့Baekhyun ပြေးသွားကို‌တွေ့လိုက်တယ် ဘာကြောင့်လဲလို့မသိပေမဲ့ အိမ်ကအရေးကြီးဖုန်းဆက်ခေါ်လို့လားတော့မသိဘူး"

"ဟင် အဲ့တာဘာလို့ကျွန်တော်ကို လာမပြောရတာလဲ"

"ရှင် CEO Parkလဲသိမယ်ထင်လို့ပါ"

"ကျစ် ..သွားတော့ သွားတော့ ..အော်ခဏ သူ့ကိုဖုန်းဆက် မဝင်မချင်းဆက်"

"ဟုတ်"

အတွင်းရေးမှူးချွဲအခန်းထဲထွက်သွားပြီးနောက် Chanyeol Baekhyunအားဆက်တိုက်ဖုန်းခေါ်တော့သည်။ခေါ်တိုင်းလဲ လူကြီးမင်းနဲ့ဆက်ပိတ်ထားပါသည်ဘဲတိုးနေတာမို့ ဖုန်းကိုတောင်လွှတ်ပစ်ချင်နေသည်။

"Baekhyun မင်းတစ်ခုခုများဖြစ်နေတာလား ကိုယ့်ကိုစိတ်ပူအောင်မလုပ်ပါနဲ့ကွာ"

မနက်ကလဲအလုပ်ကိုနောက်ကျမှသွားတဲ့သားဖြစ်သူက ရုတ်သရပ်အစောကြီးပြန်ရောက်လာတာမို့ Byunမာမားကြောင်သွားသည်။အိမ်ထဲသို့ဝင်လာတော့လဲပြိုကျ‌တော့မဲ့တဲစုတ်လိုဖြစ်နေတဲ့ရုပ်ကြောင့် Byunမာမားမှာ အကြောင်းအရာကိုမေးရမလို မမေးရမလိုနဲ့။

ဒီလိုနဲ့ အခန်းထဲကမထွက်လာတဲ့Baekhyunကို ညနေထိစောင့်ကြည့်လိုက်တော့လည်း မထွက်လာသေးတာမို့ ညစာလာစားရန် ခေါ်‌ဖို့အပေါ်သို့တက်ခဲ့လိုက်သည်။

Hello! Mr.Park (Complete)Where stories live. Discover now