"Hyung ... ဒါက ကျွန်တော်ကောင်လေးလေ နာမည်က Park Chanyeolတဲ့"
BaekhyunကChanyeolလက်ကို ဆုတ်ကိုင်လျက် မျက်စိရှေ့က အုတ်ဂူဖြူလေးကို ပြုံးပြကာပြောသည်။Chanyeolကလဲ အလိုက်တသိပင် အုတ်ဂူဖြူလေးထပ်က ဓာတ်ပုံလေးထဲက ပြုံးပြနေတဲ့ Baekhyunရဲ့Hyungဖြစ်သူကို ပြန်လည်ပြုံးပြလိုက်ပြီး။
"ဟုတ်ပါတယ် ... Hyung ကျွန်တော်က Baekhyunချစ်သူပါ ... Baekhyunကို သေချာစောင့်ရှောက်သွားပါ့မယ်လို့ ကတိပေးပါတယ် "
သူ့လက်တစ်ဖက်ကို ဆုတ်ကိုင်ထားတဲ့Baekhyunလက်သေးသေးလေးတစ်ဖက်ပေါ်ကို Chanyeolရဲ့လက်တစ်ဖက်က ဆုတ်ကိုင်လိုက်ရင်း ပြောလိုက်တော့ Baekhyunဆီမှ ကျေနပ်ပြုံးလေးကို ရခဲ့သည်။
Chanyeolသည် Baekhyunနဲ့တွဲလာတဲ့နောက်ပိုင်း Baekhyunအကြောင်းတွေကိုပင် ပိုပိုသိလာခဲ့ပြီး၊Kris hyungနဲ့Baekhyunတို့တွေ ဘယ်လောက်ထိ သံယောဇဉ်တွယ်တယ်ဆိုတာလဲ Chanyeol သိခဲ့သည် ။
Baekhyunသည် Kris hyungအကြောင်းကို သူ့အားပြောပြနေစဉ်မှာ နှုတ်ခမ်းကပြုံးနေပေမဲ့လည်း မျက်လုံးတွေကတော့ ဝမ်းနည်းရိပ်သမ်းနေသည်ကို တွေ့ရသည်။ Baekhyunကလည်း Kris Hyungကိုဘယ်လောက်ထိ တွယ်တာမှန်း ဘယ်လောက်ထိချစ်မှန်းသိတာကြောင့်မထင်မှတ်ဘဲ ဆုံးရှုံးလိုက်တော့ ဘယ်လောက်ထိဝမ်းနည်းနေမလဲဆိုတာ Chanyeol တွေးမိသည်။
ဒါကြောင့်ပင် အုတ်ဂူထက်က တည်ကြည်ခန့်ငြားတဲ့ Kris Wuဆိုတဲ့ Baekhyun hyungဖြစ်သူကို Chanyeolတစိုက်မတ်မတ်ကြည့်လိုက်၍ စိတ်ထဲကနေရေရွတ်လိုက်သည်။
ကျွန်တော် Baekhyunကို မျက်ရည်မကျရအောင်ထိစောင့်ရှောက်သွားမှာပါ ... Baekhyunကိုချစ်တာ Kris Hyungထပ်တော့မသာပေမဲ့လည်း Kris Hyungထပ်တော့မလျော့ပါဘူး ... ကျွန်တော် Baekhyunneကို တကယ်ချစ်တာမို့ စိတ်ချလို့ရပါတယ် Hyung ... ။
Chanyeolစိတ်ထဲကရေရွတ်ကာကတိပေးခဲ့တာတွေကို မကြားတဲ့Baekhyunဟာ Kris Hyungပုံကို ပြုံးလျက် စိုက်ကြည့်နေတဲ့ Chanyeolကို ဘေးကနေ ကြောင်တောင်တောင်လေးကြည့်နေလေရဲ့။
"ဟိတ်လူ ... ကျွန်တော့်hyungကို ဘာတွေပြောနေလို့ ရုပ်ကြီးက ပြုံးစိစိဖြစ်နေတာလဲ ... မဟုတ်မှလွှဲရော ကျွန်တော်ဆိုးတဲ့အကြောင်းတွေတိုင်နေတာလား"
![](https://img.wattpad.com/cover/277165393-288-k634803.jpg)
YOU ARE READING
Hello! Mr.Park (Complete)
Romanceကျွန်တော် ပင်လယ်ကြီးကိုသဘောကျတယ် ... Chanyeolကရော // Byun Baekhyun // ကိုယ်က...မင်းကိုသဘောကျတယ် // Park Chanyeol // ကျွန်တော် ပင်လယ်ကြီးကိုသဘောကျတယ် ... Chanyeolကရော // Byun Baekhyun // ကိုယ်က...မင...