💛11💛

1.4K 186 11
                                    

"Baekhyun coffeeနှစ်ခွက်လောက်ဝယ်ခဲ့ပေးပါလား crystalကhot Americanoမဟုတ်လား"

"အင်း Chanyeol"

"ဟုတ်ပြီ ဒါဆို ကိုယ့်အတွက်ice Americano Crystal အတွက်Hot Americanoဝယ်ခဲ့ပေးနော် မင်းအတွက်ကတော့ ကြိုက်တာဝယ်ခဲ့နော် ရော့"

Chanyeolကblack cardပေး၍လိုချင်တဲ့အရာများကိုBaekhyunအားမှာလိုက်သည်။ဆူအောင့်ကာဆတ်ကနဲယူသွားတဲ့Baekhyunကတော့Chanyeolအားfake smileဖြင့်ပြုံး၍ ထွက်လာခဲ့သည်။

အခန်းပြင်ရောက်တော့ အခန်းအားမျက်စောင်းထိုး၍

"လက်ထောက်ကနေ သူ့အခိုင်းအစေဖြစ်နေပြီလားမသိဘူး အဲ့Crystalဆိုတဲ့ မိန်းမကြီးလာတိုင်း ငါ့ကိုဘဲပထုတ်နေတဲ့ Mr.Parkတွေ့မယ်"

Baekhyun Chanyeolအားကျိန်ဆဲလျက်ပင် company canteenသို့ထွက်ခဲ့သည်။

"အမ ice americanoရယ် hot americanoရယ် strawberry milk shakeရယ် တစ်ဗူးစီပေးပါနော်"

Baekhyunမှာသင့်တာကိုမှာခဲ့ပြီး ထိုင်ခုံပေါ်တွင် ထိုင်စောင့်နေလိုက်သည်။အပျင်းပြေ ဖုန်းထုတ်ကာ သုံးနေလိုက်သည်။တက်လာသမျှ သတင်းတွေကလည်း စိတ်ဝင်စားမှုမရှိတာမို့ ဆက်မကြည့်တော့ဘဲ ဖုန်းကိုအိတ်ကပ်ထဲပြန်ထည့်ထားလိုက်သည်။

မှာထားသည့်ဟာရတော့ ယူပြီး ထွက်လာခဲ့သည်။တံခါးတင်ပါးနဲ့တွန်းဖွင့်ပြီးဝင်လာတဲ့Baekhyunကို Chanyeolစကားပြောနေရင်း လှည့်ကြည့်လိုက်သည်။သို့ပေမဲ့ အကြည့်က တံခါးကိုတွန်းနေတဲ့တင်ပါးကိုရောက်‌သွားတော့အမြန် အကြည့်လွှဲလိုက်ရသည်။

"မှာထားတာ ရပါပြီ ခင်ဗျ"

"ကျေးဇူး"

Chanyeolကဗူးတွေကို စက္ကူကပ်ထဲမှထုတ်၍ အရှေ့ကCrystalအားပေးလိုက်သည် ။

"ဘာခိုင်းအုံးမလဲ ခင်ဗျ"

Baekhyunက ရွဲ့ကာမေးလိုက်သည်ကို Chanyeolကအတည်ထင်သွားပြီး သူ့စားပွဲခုံအား လက်ညိုးညွှတ်ပြလျက်

"ကိုယ်လက်မှတ်ထိုးပြီးသားဖိုင်တွေကို ပြန်စစ်ပေးပါအုံး"

"ဟုတ်ကဲ့ပါ"

အသံကိုပုံမှန်ထက်မြင့်၍ပြောလိုက်ကာ စတော်ဘယ်ရီခွက်အားယူ၍ Chanyeolစားပွဲတွင်ထိုင်ကာ ဖိုင်တွေအားစစ်နေလိုက်သည်။

Hello! Mr.Park (Complete)Where stories live. Discover now