💛18💛

1.3K 151 6
                                    

"Byun Baekhyunနဲ့တွေ့ချင်လို့ပါ"

"အော် ခဏနော်"

ကောင်တာကကောင်မလေးဖုန်းဆက်နေတာ စောင့်ရင်း Kai companyတစ်ဝိုက်ကြည့်နေမိသည်။

ကျယ်လိုက်တဲ့ Company...တော်တော်လည်း ရောင်းကောင်းမယ်ထင်တယ်...။

"ဟို BaekhyunကCanteenမှာစောင့်နေပါတဲ့ သူလာခဲ့ပါမယ်တဲ့"

"ဟုတ် ကျေးဇူးပါ"

တွေးနေတုန်းပင် ကောင်တာကကောင်မလေးက Kaiအားစကားလာပြောတာ‌ကြောင့် အတွေးဆတို့ကိုဖြတ်ပြီး Canteenသို့ထွက်လာခဲ့သည်။

မှန်ကာထားတဲ့ အနီးဆုံးထိုင်ခုံမှာထိုင်လိုက်ပြီး ပတ်ဝန်းကျင်အား ကြည့်လျက် Kaiကော်ဖီတစ်ငုံသောက်လိုက်သည်။

"ကြာသွားလား Kai"

အသံကြားရာမော့ကြည့်တော့ မျက်နှာချင်းဆိုင်ထိုင်ခုံတွင်ထိုင်လိုက်တဲ့Baekhyunကပြုံးလျက် ။

"အင်း မကြာပါဘူး"

"အင်း အင်း"

Kaiကိုခေါင်းငြိမ့်ပြလျက် waiterလာချပေတဲ့ ice Americanoကိုတစ်စုပ်သောက်လိုက်သည်။

"ဘာများလဲKai ငါ့ကိုခေါ်တာ"

BaekhyunအမေးကိုKaiသက်ပြင်းချလျက်တုံ့ပြန်သည်။Baekhyunထိုင်ခုံပေါ်ထိုင်ကတည်းက ငြိမ်သက်နေတဲ့Kaiကြောင့်Baekhyunစိုးရိမ်မိသွားသည်။

နေများမကောင်းလို့လားလို့ တွေးရင် နဖူးအားသွားစမ်းမိတော့ နဂိုပုံမှန်အတိုင်းပင်။

"Baekhyunna ငါနေကောင်းပါတယ်"

"သေချာလို့လား"

Baekhyunကမယုံသင်ကာနဲ့ကြည့်တော့ Kaiကဖြည်းညင်းစွာခေါင်းငြိမ့်သည်။

"ဒါဆို ဘာမကောင်းတာလဲ"

"ဒီနေရာမကောင်းတာ"

ဘယ်ဘက်ရင်အုံကိုထိုးပြလျက် ပြောလာတဲ့Kai‌ ကြောင့်Baekhyun မျက်လုံးပြူးသွားသည်။

"Kai-ya မင်း နှလုံးရောဂါရနေတာလား"

မျက်လုံးလေးပြူးကာပါးစပ်လေးဟလျက် ပြောနေတဲ့Baekhyunကို Kaiလက်ထဲကကော်ဖီခွက်နဲ့မပေါက်မိအောင်ထိန်းနေရသည်။

"ကျစ်!မဟုတ်ဘူးဟေ .... လူတစ်ယောက်‌ကြောင့်နာနေတာလို့ပြောတာ ဂျပုရဲ့"

Hello! Mr.Park (Complete)Where stories live. Discover now