အမေ့ကိုတွေ့ပြီးပြန်လာတိုင်းChanyeolအမြဲပင်ပန်းတယ်...ပြောရမယ်ဆို ရင်ထဲကပေါ့..အမေနဲ့ခွဲနေရတာ တော်တော်ကြာပြီ အရမ်းဘဲလွမ်းတယ်..ရှင်ကွဲထက်သေကွဲ ကွဲရတာဟာ တကယ်ကိုနာကျင်ရတယ်..ရှင်ကွဲကွဲရင်တောင်မှ တွေ့ချင်တဲ့အချိန်တွေ့လို့ရတယ် ကိုယ့်မျက်စိရှေ့မှာ အသက်ရှင်နေတာကိုတွေ့ရတာေြကာင့် ပျော်ရွှင်ရတယ်..သေကွဲကတော့ နောက်ထပ်တွေ့ဖို့ မျှော်လင့်ချက်တွေကိုရိုက်ချိုးခံလိုက်ရသလိုမျိုး။
ညအိပ်တိုင်း အမေ့ကိုသတိရလွန်းလို့ Chanyeolတိတ်တိတ်ကလေးငိုရတယ်။အဖေကြားလို့တော့မဖြစ်ဘူး ကြားခဲ့ရင် အဖေက ခါးပတ်နဲ့ရိုက်မှာ...ခန္ဓာကိုယ်က နာကျင်မှုထက် ရင်ထဲကနာကျင်မှုကတအားပြင်းထန်တယ်။အမေဆုံးသွားပြီးနောက်ပိုင်း အိမ်ပေါ်တက်လာတဲ့ အဖေအချစ်ဦးက Chanyeolပေါ်တအားအနိုင်ယူနှိပ်ဆက်တယ်။ဒါကိုသိတဲ့အဖေက လျစ်လျူရှုခဲ့တယ်။ဒါကြောင့် အဖေ့ကိုမုန်းတယ် နောက်ပြီးအဖေအချစ်ဦးမိန်းမကိုပေါ့။
ဒါကြောင့်Chanyeolကြိုးစားပြီးကိုယ့်လမ်းကိုယ်လျှောက်ခဲ့တယ်။ပြီးတော့ အချစ်ထက်ငွေကိုသာ ပိုရှာဖို့ ဆုံးဖြတ်တဲ့ တစ်နေ့မှာဘဲ မထင်မှတ်ထားဘဲ တိုက်မိသွားတဲ့ ယောကျာ်းလေးတစ်ယောက်က သူ့ရဲ့ထီးအဝါရောင်လေးကိုChanyeolကို ပေးခဲ့ပြီး Chanyeolအသဲနှလုံးကို သူကပြန်ယူသွားခဲ့တယ်။
သူပေးခဲ့တဲ့ ထီးအဝါရောင်လေးကို Chanyeolမိုးရေထဲမှာဆောင်းရင်း စောနကတွေ့ခဲ့တဲ့ မျက်ရည်စီးကြောင်းနဲ့ခွေးပေါက်စလေးအကြောင်းပြန်တွေးမိတော့ ဝမ်းနည်းနေတဲ့စိတ်တောင် တိကနဲပင် ပျောက်သွားသည်။အိမ်ပြန်ဖို့Busကားစီးရန် ဂိတ်မှာထိုင်စောင့်နေလိုက်တယ်။
ထီးကိုကိုင်ပြီး ပိတ်မယ်လုပ်တော့ ထီးလက်ကိုင်နားမှာ တွဲလျားကျနေတဲ့သော့ချိတ်လေးရှိနေတာကိုခုမှသတိထားမိသွားတယ်။ယူပြီးသေချာကြည့်လိုက်တော့ BBH ဆိုတဲ့စာတန်းလေးကိုမှ သက်တံရောင်လေး။ဒါဟာထို ကောင်လေး၏နာမည်ဆိုပြီးChanyeolမှတ်ယူခဲ့တယ် ပြီးတော့ Chanyeolထိုစာတန်းလေးကိုလက်မလေးနှင့်ဖွဖွလေးပွတ်ရင်းပြုံးမိသွားတယ် ။
YOU ARE READING
Hello! Mr.Park (Complete)
Storie d'amoreကျွန်တော် ပင်လယ်ကြီးကိုသဘောကျတယ် ... Chanyeolကရော // Byun Baekhyun // ကိုယ်က...မင်းကိုသဘောကျတယ် // Park Chanyeol // ကျွန်တော် ပင်လယ်ကြီးကိုသဘောကျတယ် ... Chanyeolကရော // Byun Baekhyun // ကိုယ်က...မင...