"နောက်ဆုံးတော့ သေချာဆုံးဖြတ်နိုင်ပြီပေါ့"
တံခါးပေါက်ဝကနေ Kaiလှမ်းပြောတဲ့စကားကိုလျစ်လျူရှုရင်း အလုပ်သွားရန်Baekhyunပြင်ဆင်နေလိုက်သည်။
အားလုံးပြင်ဆင်ပြီးတော့ တံခါးပေါက်မှာရပ်နေတဲ့Kaiပုခုံးအား ကိုင်ကာ ကြည့်လိုက်တော့ Kaiကဘာလဲဟူသည့်သဘောဖြင့်ပြန်ကြည့်လာသည်။
"ဖေဖေကအလုပ်သွားတော့မှာမို့ သားလေးကအိမ်မှာကောင်းကောင်းနေရမယ်နော် ဘိုင့်"
Baekhyunပြောင်စပ်စပ်နဲ့ပြောရင်း Kaiရဲ့မေတ္တာပို့မှုတွေကို လျစ်လျူရှုကာ ထွက်လာခဲ့သည်။
"ဟူး"
ရုံခန်းထဲဝင်ရမလို အပြင်မှာပင်ရပ်နေရမလိုဖြစ်နေတဲ့Baekhyunကတံခါးလက်ကိုင်ဘုကိုကိုင်လျက်ရပ်နေသည်။
Chanyeolဆီစာရွက်စာတမ်းတွေလာပို့တဲ့အတွင်းရေးမှူးချွဲက ရုံခန်းရှေ့မှာ ရပ်နေတဲ့Baekhyunကိုလဲတွေ့ရော ဝမ်းသာအားရနဲ့ ပြေးနှုတ်ဆက်သည်။
"အာညော်ဟာဆယ်ယို Baekhyun-ssi..မတွေ့တာတောင်ကြာပြီ နေရောကောင်းရဲ့လား "
"ဗျာ...ဟုတ် ကောင်းပါတယ်"
"အလုပ်ပြန်ဆင်းတာလား Baekhyun-ssiပြန်လာတာ ကြိုဆိုပါတယ်...ဝမ်းလဲဝမ်းသာတယ် သိလား..Baekhyun-ssiမရှိတဲ့အတော်အတွင်း CEO Parkမျက်နှာကအမြဲသုန်မှုန်နေတာ အင်းပေါ့လေ သူလဲBaekhyun-ssiကိုလွမ်းနေမှာပေါ့လေ"
အတွင်းရေးမှူးချွဲရဲ့ နောက်ဆုံးစကားကြောင့် Baekhyunရင်ထဲ နွေးထွေးသွားသလိုပင်။
"ကျွန်တော်တို့ဝင်ကြမယ်လေ"
အတွင်းရေးမှူးချွဲစကားအား ကြားဖြတ်လျက်ပင် Baekhyunအထဲဝင်ဖို့ ပြောသည်။
အတွင်းရေးမှူးချွဲလည်းခေါင်းငြိမ့်လျက်အရင်ဝင်သွားပြီးနောက်မှာ Baekhyunလဲဝင်သွားခဲ့သည်။
"လာပြီလား Baekhyunne..အာ မဟုတ် Baekhyun"
ကိုယ်တစ်ယောက်ထဲသီးသန့်ခေါ်တဲ့နာမ်စားလေးက နောက်မှဝင်လာတဲ့Baekhyunကိုလည်းတွေ့၍အပျော်လွန်းသွားမို့ ပါးစပ်ကနေလွှတ်ကနဲထွက်သွားတော့ အလျင်အမြန်ပင်ဖုံးလိုက်ရသည်။သတိမထားမိသွားတဲ့အတွင်းရေးမှူးချွဲကတော့ ပုံမှန်အတိုင်းဖြစ်နေပေမဲ့ သတိထားမိတဲ့Baekhyunကမျက်လုံးပြူးပြကာ အံကြိတ်ပြသည်။
![](https://img.wattpad.com/cover/277165393-288-k634803.jpg)
YOU ARE READING
Hello! Mr.Park (Complete)
Romanceကျွန်တော် ပင်လယ်ကြီးကိုသဘောကျတယ် ... Chanyeolကရော // Byun Baekhyun // ကိုယ်က...မင်းကိုသဘောကျတယ် // Park Chanyeol // ကျွန်တော် ပင်လယ်ကြီးကိုသဘောကျတယ် ... Chanyeolကရော // Byun Baekhyun // ကိုယ်က...မင...