💛13💛

1.4K 172 2
                                    

"Baekhyun-na ထတော့ ငါတို့ ဈေးဝယ်ထွက်ကြမယ်"

"အာ..Kai yah ငါ မထချင်သေးဘူး မင်းဘဲ သွားတော့"

ပြောပြောပြီးချင်းတစ်ဘက်လှည့်သွားတဲ့Baekhyunကိုkai ပြန်ဆွဲလှည့်လျက်။

"မင်းစားချင်သလောက် ငါရေခဲမုန့်ဝယ်ကျွေးမယ်"

မပွင့်တော့ဘူးလို့ထင်ရတဲ့မျက်လုံးတွေက ရေခဲမုန့်သံလဲကြားရော ဆတ်ကနဲပွင့်လာတော့ Kaiပြုံးလျက်

"ကယ် ထ ရေမိုးချိုး ငါ စောင့်နေမယ်"

"အင်း အင်း အင်း"

တအင်း အင်းနဲ့ ပျင်းကြောဆွဲရင်း ရေချိုးခန်းထဲပြေးဝင်သွားတဲ့Baekhyunကြောင့်Kaiသက်ပြင်းချလိုက်သည်။ မနေ့ကတစ်နေကုန် အခန်းထဲဘဲအောင်းရင်း အိပ်နေတာ ထမင်းဆိုလဲ နှစ်လုပ်သာစားသည်။အရင်လို ရယ်တာလဲမရှိ လဒမှိုင် မှိုင်နေတာကြောင့် လန်းဆန်းသွားအောင်လို့ဒီနေ့Baekhyunကိုအပြင်ခေါ်ထုတ်မယ်ဟု တွေ့လိုက်ခြင်းပင်။

နှစ်ယောက်လုံးပြင်ဆင်ပြီး Busကားနဲ့ဘဲ Supermarketသို့ထွက်ခဲ့သည်။

"Baekhyun ငါတို့ဘာလုပ်စားရင်ကောင်းမလဲ"

"အောင်မယ် မင်းက ချက်တတ်လို့လား"

Baekhyunမယုံသင်ကာနဲ့လာကြည့်တာကြောင့် Kai ယုံကြည်မှုအပြည့်ရှိတယ်ဆိုတဲ့မျက်နှာနဲ့ ပြောသည်။

"ငါက စားဖိုမှူးD.O.ရဲ့ အမာခံပရိသတ်ပါနော် သူ့အစီအစဉ်တိုင်းငါကြည့်တာ မျက်လုံးမှိတ်ပြီးလဲချက်တတ်တယ်သိလား"

"ဟက် ဟုတ်ပါပြီ"

"လာ သွားဝယ်မယ်"

နှစ်ယောက်သား ပစ္စည်း‌ထည့်ရန် တွန်းလှည့်ယူရင်း ဝယ်မဲ့ပစ္စည်းတွေဘက် လျှောက်ခဲ့သည်။

"ဒါ ယူ"

"အင်း"

"ဒါလဲ ကောင်းတယ်"

"အင်း"

"ဒါဆိုရော "

"အိုကေ"

"ဒါက မပါမဖြစ်"

"အင်းပါ"

Baekhyunကတော့ အရှေ့ကနေ သူလိုချင်တဲ့မုန့်တွေကိုထည့်နေပေမဲ့ အနောက်မှာ Kaiကတော့ သွေးတက်နေသည်။ ‌စိတ်ကြည်သွားတဲ့အချိန်မှဘဲ ပိုက်ဆံပြန်တောင်းတော့မယ်ဆိုပြီးဟု တွေးထားရင်း Baekhyun ထည့်သမျှ ပစ်စည်းတွေကို လက်ခံနေရသည်။

Hello! Mr.Park (Complete)Where stories live. Discover now