Jennie Pov:ဖုန်းသံကြားထဲက နိုးလာခဲ့ပင်မဲ့ Li ကိုင်လိုက်တော့ဆက်ပဲ အိပ်နေလိုက်တယ် အကုန်ကြားပါတယ် Ceo ကိုပြောလိုက်တာတွေ
Li ကတကယ်ကိုအဲ့လို လူ .. ကိုယ့်ကြောင့် entertainment တစ်ခုလုံးတောင် ဝယ်မှန်းသိပြီးထဲက Li ကို ကိုယ့်ရဲ့ အားကိုးရာ ရပ်ဝန်းလေး ဆိုပြီး သိလာတာအမှန်...လာနမ်းတာသိလိုက်ပြီး ကိုယ်လည်းပင်ပန်းလွန်းလို့ပြန်ပဲအိပ်လိုက်တယ် ..
"Jen ထတော့လေ အရမ်းအိပ်ရင်ခေါင်းကိုက်မယ်.
ညစာ ထစားအုန်း entertainment ကို meeting နောက်နေ့ ရွေ့ခိုင်းလိုက်ပြီ Jen ကိုနိုးတုန်းက အရမ်း ပင်ပန်းနေပုံပေါက်လို့ "တကယ်ပါ Li ရယ် လာနှိူးတုန်း က ပျင်းနေလို့ မထချင်သေးဘူး တစ်ခွန်းပဲပြောမိတာကို ချက်ချင်း ဖုန်းဆက်ပြီး နောက်ရက်ရွေ့ခိုင်းတဲ့ Li ပါပဲ ..
"အင်း ထပြီ လီ အိမ်ပြန်ချင်တယ် hotel မှာ မနေချင်တော့ဘူး "
"အင်း အဲ့ဆို ကိုယ် လူရှင်းခိုင်းထားလိုက်မယ် ကိုယ့် အိမ်လိုက်မှာလား Jen အိမ်ပြန်မှာလား"
" Jen အိမ်ပဲပြန်တော့မယ် ခွေးလေးတွေကို သတိရနေပြီ "
"Li လည်းသတိရတယ် လိုက်အိပ်လို့ရလား "
"ဒို့ နဲ့ အိပ်ချင်တယ် လို့ပွင့်ပွင့်လင်းလင်း ပြောလည်းခေါ်ပါတယ် Li ရယ် "
"အင်း သိလည်း ကောင်းပါတယ် ဖက်အိပ်ချင်တာ ဖက်ထုပ် လေးနဲ့ "
"တော်တော့ ဖက်ထုပ် ကိစ္စ"
"ဒီမှာမစားတော့ဘူး အိမ်ရောက်မှ မှာစားမယ်နော် Jen လူရှင်းတုန်းပြန်ရအောင် "
"အင်း Li "
.................................
NEXT MORNING..
Jennie Pov:
စောစော ထ မနက်စား ပြင် ရေချိုးပြီးတဲ့ထိ အိပ်ရာပေါ် က Li က မထသေး
ညက အလုပ်လုပ် ပြီး သူ ဝင်လာတာ
မနက်၃ နာရီလောက်ရှိတော့မယ် ..
အိပ်ပါစေတော့ ဆိုပြီး မနိုးချင်ပေမဲ့ သူ့ကိစ္စ တွေက သူမှ မရှိရင် ဆုံးရှူံးမူတွေက အမြောက်အများ.." Li ထတော့ကွာ ဒီနေ့ ၂ယောက်လုံး အလုပ်ရှိတယ် စား ပြီးသွား ရအောင် "