Jennie Pov
သူ့နာမည် သူ့စက်ကွင်းကလွတ်တဲ့ ဟိုတယ်ဟာကိုရီးယားမှာအင်မတန်ကိုရှားပါးတာမလို့ မြို့ပြင်ရောက်ရင်တောင် နာရီဝက်လောက်ထက်မောင်းရတဲ့ အပန်းဖြေစခန်းတစ်ခုရှေ့ရောက်လာမှ ကိုယ့်ကိစ္စတွေကပစ်ထားလို့ရတာတွေမပါမှန်း သတိထားမိတော့တယ် ။ ဒါလင် ကလေ လိမ္မာလည်းအရမ်း ဆိုးလည်းအရမ်း ဘယ်လိုထိန်းကျောင်းရမှန်းမသိတော့တာအမှန်ပဲ။ ကားပေါ် ပြန်တက်ပြီး ပြန်မောင်းဖို့ကျတော့လည်း ပျင်းသွားပြီ အချိန်မရှိတာ မှန်ပင်မဲ့ ဒီနေ့တော့ အင်မတန် ပင်ပန်းလာတာမလို့ အနားယူသင့်ပါတယ်။ ဒါမဲ့ သူကနာမည်ကြီးလေ ဒါလင် သာပါရင် အဆင်ပြေအောင်လုပ်ပေးမှာ ဆိုတာတွေးမိတော့လည်း အားကိုးချင်လာပြန်တယ် ။ သူဆက်တိုက်ဆက်နေတဲ့ ဖုန်းကိုကိုင်လိုက်ရင်ကောင်းမလား လာလီဆာ ကိုကိုင်ပေါက်ချင်ပင်မဲ့ ရိုက်ခဲ့မိတဲ့ ပါးလေးနာနေသေးလားလည်းစိုးရိမ်သေးတယ် ။ သူမရှိရင်ဆေးလည်းမထည့်လောက်ပါဘူး အဲ့တာပဲမေးမယ်ပြီးရင်ဖုန်းချမယ် Okay"ဖုန်းတွေ ခဏခဏ မဆက်နဲ့ လီဆာ စောက်ရမ်းအာရုံနောက်တယ်"
"မဟုတ်ဘူး မမလေး ၊ သခင်မလေးကို သူ့အိမ်ကအသေဆူနေလို့ မမလေး သူ့ဘက်ကလာကူပေးပါအုန်း"
"သူ့အိမ်ကဆိုတာ ဘယ်သူလည်း အတိအကျပြောလေ"
"သခင်ကြီး မာနိုဘန် နဲ့ ဦးလေး ဂျွန်ပါ မမလေး"
"နင်တို့သခင်မလေး အကိုပါလား"
"ခုနကမှ မဖွင့်ပေးတဲ့တံခါးကိုဖျက်ဝင်သွားတာ သခင်မလေးကို ငယ်ငယ်ကလိုရိုက်နေတာထင်တယ် သခင်မလေး ကိုဒူးထောက်ခိုင်းထားတာ ကျွန်တော် တွေ့လိုက်သေးတယ်"
"သူ့အကို ကသူ့ညီမကို အသေခံပြီး ကာကွယ်လိမ့်မယ် နင်တို့ သခင်မလေးကိုစိတ်သိပ်မပူနေနဲ့ ဟန်ဘင််းအကြောင်းငါအသိဆုံး၊ ဦးလေး ဂျွန်တောင်ပါတာဆိုတော့ ဘယ်လောက်တောင်ကြီးလို့လည်းကိစ္စက"
"သခင်မလေး ကကောင်မလေး တစ်ယောက်နဲ့ ဆေးချပြီးလို့ အိပ်မိတာကိုကောင်မလေး က သက်သေတွေရိုက်ထားပြီး ဦးလေးဂျွန်တို့ကို လာခြိမ်းခြောက်တာတဲ့မမလေး။"
"ဟုတ်လား၊အဲ့တာဆိုရင်တော့ နင်တို့သခင်မလေးသေသွားရင်တောင် ငါ့စီ ဖုန်းမဆက်နဲ့ ၊ အဲ့ကိစ္စကို ငါ့ကိုတားပေးဖို့ ဖုန်းဆက်ခေါ်တဲ့ နင့်သတ္တိကိုလည်း လေးစားလို့ ငါနဲ့ မတွေ့အောင်ကို ရှောင်နေ"
ပြောပြီး ဖုန်းချလိုက်ပြီးမှ သူ့အဖေ သတ်လို့မသေရင် ငါသတ်မယ်ဆိုတဲ့ စိတ်နဲ့ ကားကို ဆိုးလ် မြို့ထဲပြန်ဦးတည်လိုက်တယ်။ သူ့အကို ရောက်လာပြီးဆိုရင် လာလီဆာ အရိပ်တောင် အရိုက်ခံရတော့မှာ မဟုတ်မှန်း သိပြီးသား ၊ မာနိုဘန် ကလည်း သူ့သမီး ဒူးထောက်ခိုင်းမယ် ပြီးရင် ဆူမယ် ဒီလောက်ပဲ သူ့တို့တစ်မိသားစုလုံး အဲ့ဟာလေးကို ဘာမှမလုပ်ရက်တာ ကိုယ့်အသိဆုံး ဆိုပင်မဲ့ ဦးလေး ဂျွန် ပါတယ်ဆိုတဲ့ အသိကြောင့်လား သတ်ချင်နေတဲ့ စိတ်ကြောင့်လားမသိ ကားကိုမောင်းမိတာ အရှိန်ကုန် ။
သူရောက်သွားတော့ ရုံးခန်းရှေ့ ဘယ်သူမှမရှိတော့ဘူး ။ တံခါးဖျက်ထားတော့ရှိတုန်းပဲမလို့ ဝင်ကြည့်တော့ ဆိုဖာပေါ် ဖုန်းလေးဘေးချပြီး လဲအိပ်နေတဲ့ ဒါလင်။ အရိုက်ခံတားရပုံပေါ်ပြီး ကုတ်အကျင်္ီတောင်မရှိတော့ပဲ အဖြူရောင် ရှပ်အကျင်္ီ တစ်ထပ်ထဲဝတ်ထားပြီး အိပ်နေတာ သူကအပူအပင်ကင်းလိုက်တာ :)