Jennie Pov ,
ဒီရက်ပိုင်း ကိုယ့်စိတ်အတွေး တွေနဲ့တွေဝေနေဖို့လောက်ထိ အားမနေတာတော့အမှန်.
အလုပ်တွေဆိုတာ မိုးလင်းကနေမိုးချုပ်ပါပဲ မနက် ၆နာရီလောက်မှအိမ်ပြန်ရတဲ့နေ့တွေဆိုတာဒီရက်ပိုင်း ပုံမှန်လိုတောင် ဖြစ်လို့နေတယ်..အချစ်ဦးလည်းမသိ အချစ်ဆုံးလည်းမေ့ ကိုဖန်တီးတဲ့သံစဉ်ပေါ်မှာပဲ စိတ်ကအပြည့်ထားမိတော့ darling စိတ်ဆိုးနေလာလည်းကိုယ်မပြောတတ် .. သူလာ တာကိုယ်သိပါတယ် လူတွေရဲ့စစနောက်နောက်စကားတွေလည်းကိုကြားတယ် ပျက်ယွင်း သွားတဲ့ JiJi မျက်နှာကိုလည်းသတိထားမိတယ်..
အခြေအနေအရပ်ရပ်ကို နားလည်သလိုရှိနေပေမဲ့ ကိုမသိချင်ယောင်ပဲ ဆောင်ထားမိတယ် လူရောစိတ်ရော ပင်ပန်းရင်လဲသွားနိုင်တယ် မလား..Darling တစ်ယောက်သူ့ကိုထွက်မတွေ့တာ ၃ ၄ခါဖြစ်သွားထဲကပေါ်မလာတော့တာပဲ..အင်းသူ့ကိစ္စတွေက အရေးကြီးပါတယ် သူ့ရုံးခွဲတစ်ခုကိုရောက်နေတာမျိုးလည်းဖြစ်နိုင်တာပဲလေ ကိုယ်ကို သူဆက်သွယ်ထားမယ်ထင်ရတဲ့ ဖုန်းကို၂ပတ်အတွင်း ပထမဆုံးအကြိမ် စက်ဖွင့်လိုက်တော့ သူ့ဆီက messages ၃ ၄ စောင်ကလွဲပြီး ဘာဆိုဘာမှရှိမနေ..Darling အချိုးပြောင်းတာလား ဘာလားကွာ ကိုယ့်ကိုအာရုံနောက်အောင် စလုပ်ပြန်ပြီကွာ လို့တွေးနေတုန်း studio ခန်းထဲ ဝင်လာတဲ့လူကိုလှည့်ကြည့်မိလိုက်တယ်..
"Ji? , ပြန်သွားပြီဆို "
"အင်း အိမ်မှာနေရတာ စိတ်ညစ်လို့ အပြီးသတ်စရာရှိတာတွေ လာလုပ်တာ"
"မိန်းမနဲ့ရန်ဖြစ်လာတဲ့ director ကြီးပဲ"
ကိုယ်ကပေါ့ပေါ့ပါးပါးပြောလိုက်ပေမဲ့ Jiက ကိုယ့်ကိုတစ်ချက်မေ့ကြည့်ပြီး မျက်ရည်တွေဝဲလာတဲ့ ထိ
"Hey hey JiJi , စတာလေကွာ အဲ့လိုကလေးလိူမျက်ရည်မလွဲ ပါနဲ့"
သူ့မျက်ရည်တွေ ကိုသုတ်ပေးဖို့ကြိုးစားနေတဲ့ လက်ကိုဆွဲပြီး သူ့ပေါင်ပေါ် ဆွဲကာထိုင် စေတဲ့ သူ့အတွေးက ကိုယ့်ကိုနမ်းဖို့ပဲမလား ဘာရှိသေးတာလည်း Darling က ပစ်ထားတော့ အပြစ်ပေးသင့်တယ်မလား 1-1 အရူံးမရှိတဲ့ပွဲမလို့မရုန်းပဲ ငြိမ်နေလိုက်တယ်.