PART - 4

283 31 6
                                    

Last 3 years Ago,

Jennie Pov:

ကျောင်းမှာ အထက်တန်းဖြစ်သွား တဲ့နှစ်
စီနီယာ လို့ လူတိုင်းခေါ် တာကို ကြည်နူးနေတဲ့ Jennie ကကျောင်းမှာ နာမည်ကြီးတာတော့ အမှန်
ကိုယ့်ဘေးမှာ အမြဲကပ်နေတဲ့ irene ကကျောင်းအုပ် ရဲ့သမီး ဖြစ်နေတာကြောင့် လူတိုင်း စိတ်ဝင်စားခံရတဲ့ သူငယ်ချင်းအတွဲ ဖြစ်နေတော့အမှန်
တစ်နေ့ တစ်နေ့ စကားလာပြောတဲ့ လူတွေကို ပြန်ပြောနေရတာလည်းနေ့စဉ် အလုပ်တစ်ခုလို...

အင်း ကျောင်းပွဲတော်နေ့ သူနဲ့ စတွေ့တဲ့နေ့
အခြားနိုင်ငံ ကပြောင်းလာတဲ့ကောင်မလေးလေဆိုပြီး minho တို့ဝိုင်းကြောင်နေကျလို့ ကိုယ်ပါငေးကြည့်မိချိန် သူနဲ့ မျက်လုံးဆုံ ချိန် အသည်းပုံ နူတ်ခမ်း လေးနဲ့ ပြုံးပြတဲ့ကောင်မလေး

သိပ်လှလွန်းတယ် အင်း ကိုယ်တော့ တကယ်ကျရူံးသွား ပြီဘေးကကောင်တွေလိုပေါ့

ပွဲတော်ပြီးခါနီး လူရှင်းသွားမှ သူနဲ့တူတူ ရပ်နေတဲ့ဘေး ကကောင်မလေး က ကိုယ့်အခန်းထဲက sana .. ကံကောင်းတာလို့ တွက်ပြီး သွားနူတ်ဆက်တော့ သူက ပြန်ပြီး ပြံုးပြလာ ပြန်တယ် အင်း ခင်မင်မူ အစ

နာမည် က Kim Jisoo
Australia ကပြောင်းလာတယ် .. ကျောင်းရဲ့ basketball player ဒါတွေသိလာပြီးနောက် သူကို ရဲရဲတင်းတင်း ပဲခေါ်တယ် ပြောတယ် သူ့ပွဲတွေဆို အတန်းလစ်ပြီး သွားအားပေးတယ် .. ရေဘူးအဆင်သင့် မျက်နှာသုတ် အဆင်သင့်..
သူကိုယ်တိုင် ကို ကကိုယ်တိုက်တဲ့ရေဘူးပဲယူတယ်
ကိုယ့်ကို ပဲလိုက်ရှာပြီး ပြံုးပြတယ်
သူတို့ အသင်း training time တွေက အစပြောပြလာပြီး.. ကျောင်းဆင်းတိုင်း ကိုယ့်အခန်းရှေ့ရောက်နေတတ်တယ်..
သူငယ်ချင်းတွေ ကဒီလိုလုပ်ကျလား ကိုယ်မသိ စိတ်လည်းမဝင်စား သိပ်လှတဲ့အမျိုးသမီး တစ်ယောက် အရေးပေးတာခံရလွန်းတော့ ဘေးကသူငယ်ချင်းတွေ ပြောတဲ့ jisoo တော့ jennie ကို တကယ်ကြွေနေတာပဲ ဆိုတဲ့စကားတွေ ကြားတိုင်း လေပေါ် မြောက်တတ်သွားသလို ခံစားချက်မျိုး ..

သူကသိပ် အထက်စည်း ဆန်တယ် .. ဘယ်သူနဲ့မှသိပ်မရော စကားသွားပြောလည်း ပြန်ပြောတယ် ဆိုတာခပ်ရှားရှား .. စာကြည့်တိုက်မှာ သူစာလုပ်နေတုန်း ရည်းစား စကား လာပြောတဲ့ကောင် ကို ပါးရိုက်လို့ ရုံးခန်း ရောက်တဲ့ထိကို ဖြစ်ခဲ့တာ အင်း ကို ကတော့ သူ့ချွင်းချက်လေး ပေါ့ .. jisoo စိတ်တိုရင် jennie ကိုသွားခေါ် လိုက်ရင်ပြီးတယ် ဆိုပြီး လူတွေပြောရတဲ့ ထိ ကိုယ့် ကိုအလေးပေးတာ ..

Play dateWhere stories live. Discover now