Rosé Pov ;
Korea ပြောင်းလာထဲက ပြောင်းလဲလာတဲ့ Soo အပေါ်ကို တကယ်ကို နားမလည်နိုင်တော့တာအမှန်။
မေမေ တို့ အတန်တန်တားနေတဲ့ကြားက ကိုယ့်ကိုရအောင်ယူ သွားပြီးခုမှမချစ်သလိုဖြစ်လာတာမျိုးလား?
ဘာမှမစဉ်းစားချင်ဘူး Soo ရယ် မွေးရာပါနှလုံး ကအားမကောင်းလို့ မွေးထဲကရောဂါသည်ဖြစ်ခဲ့ပြီးကျောင်းလည်းမတက်ရ၊ Home study နဲ့ကြီးလာတဲ့ကိုယ့်အတွက် Soo ကတစ်ယောက်ထဲသောအဖော်..အင်း Soo ကို မေမေ တို့က ကိုယ်အဖော်ရအောင်ငယ်ငယ်ထဲကမွေးစားပေးခဲ့တာ
အသက်ကြီးလာလေ သံယောစဉ်တွေများလာလေ
ကိုယ့်ကိုညီမလေးလိုမချစ်နိုင်တဲ့ Soo က
အန ္တရာယ်များတဲ့အလုပ်ကိုရွေးလုပ်တယ်လေ.."Rosè ကိုချစ်တယ် အင်းမြတ်နိုးမိနေပြီထင်တယ် မဖြစ်နိုင်မှန်းသိလို့ လက်လျော့ရမှာ နှမြောဖို့ကောင်းလောက်အောင် မင်းကလှလွန်းတယ် Rosé..ကိုယ့်ဘက်ကမင်းကိုညီမလေးလိုမချစ်ပဲ ပိုင်ဆိုင်မူတစ်ခုလို တက်မက်နေမိတယ်..ကိုယ်ဘယ်လိုလုပ်ရမလဲ Rosé? "
သူကိုယ့်အပေါ် အရောင်တွေပြောင်းနေတာမသိရအောင်ထိမတုံးခဲ့ပါဘူး..ချစ်နေမှန်းသိခဲ့တယ် ဖွင့်ပြောလာမယ်လို့မထင်လာတာတော့အမှန်..အင်းကိုယ်ချစ်ရတဲ့လူ တွယ်တာရတဲ့လူ မြတ်နိုးရတဲ့လူ..
သူ့အပေါ် ကိုယ်ကအရမ်း အပေါစားဆန်သွားမလား မတွေးနိုင်တော့တဲ့အထိ သူ့နူတ်ခမ်းတွေကို စနမ်းခဲ့တာ လွန်လွန်ကြူးကြူး အနမ်းတွေအောက်မှာ ကိုယ်ဟာသူ့ကိုပြန်ချစ်နေခဲ့ကြောင်း သူသိပါစေ...ပြောင်းလဲလာတဲ့ ဆက်ဆံရေးအပေါ် Soo ကသိပ်ဂရုမစိုက်သလို လူကြီးဘက်ကိုနည်းနည်းတောင်မကြည့်ဘဲလုပ်ချင်
ရာလုပ်တတ်တော့ ၂နှစ် ဆိုတဲ့ကာလမှာ မေမေတို့က တဖြည်းဖြည်း ရိပ်မိလာခဲ့တယ်လေ..အဆိုးဆုံးကတော့ သူငယ်ချင်း party သွားပြီ ပြန်လာတဲ့ ငမူးလေး Soo ကကိုယ့်အခန်းထဲ ဘယ်ချိန်ရောက်နေမှန်းမသိ..ရေချိုးခန်းထဲကထွက်လာတဲ့ ကိုယ့်ကို နံရံမှာကပ်ပြီး အနမ်းကြမ်းတွေပေးလာခဲ့တယ်။ သူဘက်ကစလာတိုင်း မငြင်းနိုင်လောက်အောင်ကို ကိုယ်ကဈေးပေါခဲ့ပါတယ်..တစ်ခါလေးတောင် ငြင်းဆန်ခြင်းမပြုနိုင်ခဲ့လို့ သူ့အလိုကျပါပဲဘာမဆို.
ခုလည်း အလိုက်တသင့်လေးပြန်နမ်းရင်း သူဆွဲချွတ်နေတဲ့ကိုယ့် bathrobe လေး..
Soo သွားနေကျ Party တွေကဘယ်လိုလည်းကိုယ်မသိ ကိုယ်သိတာအဲ့လိုညတွေဆို Soo က သိပ်ဆိုးတယ် အမောမခံနိုင်တဲ့ကိုယ့်ကို သူကအသက်ရူကခက်တဲ့ထိပြုစားတဲ့ညတွေ ..ရည်းစားဖြစ်တဲ့ညထဲက သူ့အပိုင်လုပ်ပစ်တဲ့ Soo နဲ့ သူ့အလိုအမြဲလိုက်တဲ့ ကိုယ်.. ၂ယောက်ကြားထဲမှာဒါတွေကမရိုးတော့တာတွေမလို့ ငြိမ်နေတုန်း ဝင်လာတဲ့မေမေ...ကိုယ်တကယ်လန့်ပြီမေ့လဲသွားခဲ့တာ နိုးလာတော့ စိတ်ဆိုးနေတဲ့ ဖေဖေရယ် စိတ်ပူနေတဲ့မေမေရယ်ပဲတွေ့ပြီး နောက်ဆုံးသိလိုက်ရတာ Soo က korea မှာကျောင်းသွားတက်တယ်ဆိုတာပဲ..ရုးနေအောင်ခံစားရလို့ ဆေးရုံကမဆင်းနိုငိတဲ့ကိုယ့်ကိုမေမေ တို့ကလျော့ပေးတဲ့အနေနဲ့ အထက်တန်းပြီးတာနဲ့ပြန်ခေါ်ပေးမည်ဖြစ်ကြောင်း
ပြောလာတယ်။ ဒီကြားထဲတော့ အဆက်အသွယ်ဖြတ်ရမယ်ဆိုတဲ့ကတိနဲ့ပေါ့ သံယောဇဉ်ကို ယုံပြီးပုံအပ်ခဲ့တယ်
သူ့ကတိအတိုင်း ပြန်ရောက်လာခဲ့တယ် အင်းနည်းနည်းတော့ ကွဲပြားလာတယ် .. နောက်နှစ်တွေအတွင်းမှာ ကိုယ်နှလုံးအစားထိုးခဲ့ရတယ် သူလည်းကိုယ့်ကိုပဲသေချာဂရုစိုက်ပြီး အရင်လိုဆက်ဆံရေးပြန်ဖြစ်လာတယ်..Soo လိုလှတဲ့ကောင်မလေးက Korea မှာမပြတ်နိုင်တဲ့သံယောဇဉ်ကျန်ခဲ့တာ မပြောလည်းသိနိုင်တဲ့ကိစ္စဆိုတော့ ထွေထွေထူးထူးမေးဖို့လည်းမကြိုးစားမိ..ကိုယ်ပြိုလဲနေခဲ့သလောက် သူပျော်ခဲ့တယ်ဆိုကျေနပ်စရာမလို့ ဘာမှမမေးဘဲ သူ ခိုးငိုတာမြင်ရင်တောင် နှစ်သိမ့်ပေးခဲ့တဲ့ မိန်းမပါ Soo .. မေမေတို့ဆုံးပြီး ၄ လအကြာမှာ အတင်းလက်ထပ်မယ် လုပ်တဲ့ Soo ကို လက်ခံမိတဲ့ကိုကအမျိုးတွေကြားမှာပြောစရာဖြစ်ခဲ့လို့ အဝေးကိုပြောင်းဖို့အကြောင်းဖန်လာပြီး သူရွေးချယ်တဲ့ korea ကိုရောက်လာတော့တာပါပဲ..
ပြန်ပြီး ပြောင်းလဲ ၊ သွေးအေးလာတဲ့ Soo ကိုသည်းမခံနိုင်တဲ့ အဆုံး ထုတ်ပြောမိရမှ စကားများရန်ဖြစ်ရပြီး ကားသော့ယူကာထွက်သွားတဲ့ Soo..
ဝဋ်ကြွေးတွေရှိလည်းကျေချင်ပြီ Soo ရယ် , အရမ်းပင်ပန်းနေပြီ Soo ပြောနေကျ အဆိုတော်မလေးကို မနာလိုဖြစ်ရတဲ့ဘဝ က လွတ်မြောက်ချင်လှပြီ...