Jennie Pov :
သေချာပါတယ် သူမှသူ .. ကိုယ့် ကိုပြောင်းလဲစေတဲ့သူ လှလာလိုက်တာ ထိပစ်ချင်စရာတောင် မရှိတဲ့ နူးညံ့ခြင်းမျိုး..
အသည်းပုံအပြုံးလေးနဲ့ပြံုးပြနေမှတော့ သူကကိုယ့်မှန်း ကြိုသိနေပြီးသားဆိုတာ ဘယ်လိုတွေးတွေးကို သေချာတယ်..
အင်း Jennie Kim ကပြောင်းလဲသွားပြီ ဆိုတာ သိအောင်ကို ပြောပြရမယ် ဒီတစ်ခါတော့ မခံစားတော့ဘူး အချစ်ဦးရေ တစ်ကြိမ်နဲ့တင် ရူးလောက်အောင်ကို လုံလောက်နေပြီ..
"Hey Kim Jisoo မတွေ့တာကြာပြီနော်, Producer အဖြစ်ပြန်တွေ့ရမယ်လို့ မထင်ထားဘူး "
"အင်း Jen , ကိုယ်ကျောင်းပြီးထဲ က လုပ်လာတဲ့အလုပ် မလို့ ယုံကြည်လို့ရတဲ့ producer ကောင်းဖြစ်မှာပါ ကိုယ့်မှာ ယုံကြည်ချက်ရှိတယ်"
ထူးဆန်းလိုက်တာ တစ်ချိန်လုံးမျှော်နေတဲ့ လူက ကိုယ်နဲ့ အနည်းဆုံး ၂နှစ်လောက် အလုပ်တွဲလုပ်ရမဲ့သူ ဖြစ်နေလေရဲ့
"အင်း , ကူညီပေးပါအုန်း Kim Jisoo shi .."
Meeting စ ထဲက ဆုံးတဲ့ထိ ပြောပြရှင်းပြ သွားတဲ့ Jisoo ကြောင့် Australia က တကူးတက ခေါ် ရတဲ့အကြောင်းအရင်း ကို သိသွားတာတော့ အမှန်..
အရင်လိုပဲ သူက သိပ်တော်တာ အခုထိ မျက်နှာကျောလည်း တင်းတာ က အစမပြောင်းလဲကိုယ်ကတော့ အရင်က မနူးမနပ် မဟုတ်တော့ဘူးနော် Kim Jisoo , သိပ်လှတဲ့ နတ်ဘုရားမ Jennie Ruby Jane ဖြစ်နေပြီ .. ရူးလောက်အောင် ချစ်ပေမဲ့ Jackson ပြောတဲ့ ကောင်မလေးနေမကောင်းလို့လေဆိုတဲ့ စကားပဲပြန်ကြားနေလို့ ရူူးလောက်အောင် မုန်းချင်နေပြီ ..ဒို့လိုခံစားရအောင် လက်စားပြန်ချေ ရမလား ဒီလိုဆို သိပ်စိတ်ဝင်စား ဖို့ကောင်းနေတော့မှာပဲ..
" Jen စကားခဏပြောရအောင်လေ တစ်ခုခုစားရင်းနဲ့ , မတွေ့ရတာ သိပ်ကြာခဲ့ပြီမှတ်လား"
"အင်း, သွားမယ်လေ ဒို့အဆင်မပြေလောက်တဲ့ နေရာမျိုးတော့ ခေါ်မသွားဖို့မျှော်လင့်ပါတယ်နော်"
"Haha, မနောက်ပါနဲ့ Jen ရယ် cafeteria ပဲသွားရအောင်လေ ပိုအဆင်ပြေအောင် လုပ်စရာတွေလည်းများတော့ အချိန်လည်းမကုန်တော့ဘူးပေါ့"