PART - 5

241 32 1
                                    

Jennie Pov:

ကြားကြားချင်း လူကထူပူပြီး ဘာလုပ်ရမှန်း မသိထိုင်ငိုနေခဲ့တာ သတိလက်လွတ်ဖြစ်သွားလောက်တဲ့ထိ ကြားသမျှက ဖေဖေ နဲ့ မေမေ က သေသွားပြီ ဆုံးသွားပြီ ဆိုတာတွေကြီး ..မူးလဲတာလည်း ဘယ်နှစ်ခါမှန်းကို မသိတော့တာ ..

မေမေ က ငယ်ငယ်ထဲက စည်းကမ်းအရမ်းကြီးတယ် ဖေဖေ က အမြဲအလိုလိုက် တတ်ပင်မဲ့ မေမေစကားဆို သူပါနားထောင်တတ်တဲ့ထိ ဖေဖေ က ချစ်တာ..အမှတ်မကောင်းလို့ ဆူတဲ့ မေမေ ကိုမုန်းပင်မဲ့ နောက်ဆုံး သတိရမိတာ မေမေ ကာကွယ်ပေးခဲ့တဲ့ မြင်ကွင်း နောင်တာတွေ အကြိမ်ကြိမ် ရရ ပါ တယ်မေမေ ...

မေမေ နဲ့ ဖေဖေ ကိစ္စတွေကို irene တို့ကူညီလို့ ပြီးသွားခဲ့ပေမဲ့ ကိုယ်တစ်ယောက်ထဲ ရပ်တည်ရတော့မယ် ဆိုတဲ့ အတွေးက ရူးသွားချင်လောက် စရာကောင်းလွန်းတယ်..
နောက်ဆုံးအနေနဲ့ သတိရမိတာ ဖေဖေတို့နောက် လိုက်သွားဖို့.. ရေချိုးခန်းထဲ ရောက်တာနဲ့ ယူလာတဲ့ ဓားနဲ့ လက်ကောက်ဝတ်ကို ဖြတ်လိုက်ပြီး လူက ပူထူနေချိန် နောက်ဆုံးမြင် လိုက်တာ ပြေးဝင်လာတဲ့JiJi ကိုယ့်ကို ပွေ့လိုက်တဲ့ JiJi နောက်ပိုင်း ကိုယ်သေပြီ လို့သတ်မှတ်ပြီး စိတ်လွှတ်ချလိုက်တော့တယ်..

JiJi ပေးတဲ့အသက်ကို JiJi ကထက်သတ်သွားသလိုပါပဲ..နိ်ုးလာတော့ JiJi က ဘေးမှာ အိပ်ပျော်နေလေရဲ့..ကိုယ်မသေဘူးပေါ့ ဒါဆို JiJi အချိန်မှီခဲ့တာ..နိုးလာတာမြင်တော့ပြေးဖက်တဲ့ireneဘယ်လောက်တောင် ငိုထားလဲမသိ မျက်လုံးတွေဖောင်းနေတာမြင်လို့တောင်မကောင်း..

"အရူးမ , ဘယ်လိုအတွေးမျိုးနဲ့လည်းJennie Kim ရယ် ငါမှားတာပါ ရေချိုးတာပါ လိုက်စောင့်မှာ "

"JiJi ကဘယ်လိုရောက်လာတာလည်း "

"နင့်ကိုနူှတ်ဆက်ဖို့လာတာတဲ့ နင့်ကို အဆက်အသွယ်မလုပ်တာလည်း သူအရမ်းအလုပ်တွေရူပ်နေလို့ပါဆိုပြီး နင်သူကိုစိတ်ကောက်ပြီး ဖုန်းမကိုင်လို့ရောက်လာတာတဲ့ သူ့ကိစ္စတွေပြီးပြီးချင်း, နင့်ကိစ္စတွေငါပြောပြလိုက်တော့ စိတ်ပူပြီးပြေးတက်သွားလို့ပေါ့ နောက်မို့ဆို နင်ကိုငါတို့ခွဲပြီ အရူးမ Jennie kim ရဲ့"

Play dateNơi câu chuyện tồn tại. Hãy khám phá bây giờ