I'd like to do anything to make you smile 😍(အပိုင်း_၃)

0 0 0
                                    

"ဟာ   အရုပ်လေး"   

"ဘာ ခင်ဗျားကကျုပ်ကိုဝင်လည်းတိုက်သေးတယ်အယုတ်တမာလို့လည်းပြောချင်သေးတာပေါ့လူမိုက်လား ခင်ဗျားက by oneဆွဲမလား"ကောင်းမြတ်စံတစ်ယောက်ကတော့မူးမူးရူးရူးဖြင့်ပြောချင်ရာသာပြောနေတော့သည်။

တံခွန်မှာတော့ကံကြမ္မာဖန်ဆင်းမှုကြောင့်လား ကိုယ့်ရဲ့အချစ်တွေစစ်မှန်လို့ကြောင့်လားမသိအံဩမှုများစွာဖြင့် ရှာနေသောအရုပ်လေးမှာကိုယ့်ရင်ခွင်ထဲသို့တမ်းတမ်းမတ်မတ် ရောက်လာနေသောကြောင့် ပြောစရာစကားများပင်ပျောက်ရှာနေသည်။

"ကိုယ်ကအရုပ်လေးနဲ့ kissingပဲဆွဲချင်တာ"

"ဟမ် ကမ်းနားမှာဆွဲမယ်ဟုတ်လား ခင်ဗျားဘာမှနေရာရွေးမနေနဲ့ သတ္တိရှိရင်ဒီမှာပဲချမယ်ဗျာ"ဟုဆိုပြီးကောင်းမြတ်စံတစ်ယောက်မူးမူးနှင့်အပေါ်ကုတ်အကျီကိုချွတ်၍စိန်ခေါ်နေလေသည်။

"ဟော ဗျာ ဘယ်လောက်တောင်သောက်ထားလဲမသိဖူးဒီအရုပ်ကလေးကတော့ကွာ  ကိုယ်ကိုစိတ်မချအောင်လုပ်နေပြီ ရင်ခွင်ထဲထည့်ပြီးအပိုင်သိမ်းထားမိတော့မယ်"ဆိုပြီးတံခွန် ချစ်ရသူ အရုပ်လေးကို ပြောနေသောလည်း  ချစ်ရသူအရုပ်လေးမှာ မူးမြဲမူးနေဆဲဖြစ်သည်။

"ဘာလဲ ခင်ဗျား ကျုပ်ကိုကြောက်သွားပြီမလား  ကျုပ်လည်း အားနည်းပြီးကြောက်တတ်တဲ့သူတွေကိုအနိုင်မကျင့်တတ်ပါဖူး သွားပြီဗျာ ကြောက်တတ်ရင်လည်း"။ (A/Nစံစံနော် ရှင် ကသွားစိန်ခေါ်နေတယ် ဟိုက ဂျိန်းလိုက်မှ ကယ်ပါပြီမလုပ်နဲ့ 🌚တံတံကိုများအားနည်းသူတဲ့ အဟိ🤣)

"အရုပ်လေးရယ် ‌ပြောချင်တာကိုသာပြောနေတော့တာပဲ။ ကိုယ်ဘယ်လောက်သတ္တိရှိကြောင်းပြလိုက်ချင်တယ်နော်"ဆိုပြီးတံခွန် စိတ်ထဲကနေတီးတိုးရေရွတ်ရင်းပြုံးလိုက်မိသည်။

ကောင်းမြတ်ကတော့မူးနေသောကြောင့် ကိုယ်စီးမည့်ကားပင်ပျောက်နေတော့သည်။

"ဟင် ငါ့ကားဘယ်ရောက်သွားတာလဲ ဘယ်ကောင်ငါ့ကားကိုယူသွားတာလဲဟမ် "ဟုပြောပြီး ရပ်ထားသောတံခွန်ကားကိုကန်လိုက်လေသည်။

"ဖြစ်ရမယ် အရုပ်လေးရေ "တံခွန်တစ်ချက်ရယ်ပြီးပြောပြီးနောက် ကောင်းမြတ်စံရဲ့လက်ကိုဆွဲကာ ကားပေါ်သို့တင်လိုက်သည်။

"ဟင်ဘယ်သူလဲ ဘာလဲကွ ငါ့ကိုကားပေါ်ဘယ်သူဆွဲတင်တာလဲ ပြန်ပေးဆွဲတာလား ပြန်ပေးဆွဲလည်းဘာမှမရဖူးနော်လူကိုသိမ်းလိုက်လို့ပဲရမှာ ဟူး "ဆိုပြီးကောင်းမြတ်တစ်ယောက်ပြောပြီးအိပ်ပျော်သွားလေသည်။

"ကိုယ်ကလည်း လူကိုပဲသိမ်းချင်နေတာအရုပ်လေးရေ"လို့တံခွန်ဆိုပြီး စံအိမ်သို့ကားမောင်းထွက်သွားလေပြီ။

စံအိမ်သို့ရောက်သောအခါ အိမ်အလုပ်သမားများမှာဧည့်သည်မပြောနှင့် အိမ်ကိုအမျိုးတွေလာလည်ရင်‌ေတာင်ရှုပ်ရှုပ်ရှုက်ရှုက်ဖြစ်နေတာပင် မကြိုက်သောသူက ယောကျာ်းလေးတစ်ယောက်ကိုအရုပ်လေးလိုရင်ခွင်မှာပိုက်ပြီးချီလာသောကြောင့်အံဩမှုများစွာဖြင့်ငေးနေမိသည်။

"အကုန်လုံးဘာရပ်ကြည့်နေကြတာလဲ သွား ငါ့အခန်းထဲမှာအိပ်ရာသွားပြင်ထား"ဟုတံခွန် ရင်ခွင်ထဲမှာရှိနေသောအရုပ်လေးကို မျက်တောင်မခက်ပဲကြည့်နေသော လူများကြောင့်စိတ်ထဲဘဝင်မကျကာအသံခပ်မာမာဖြင့် ပြောလိုက်လေသည်။

နောက်အပိုင်းကတော့အဟိ🌚 မှောင်မနေကြနဲ့ဦးနော်🤣  reactတွေ commentတွေနည်းနေတယ်နော် အဆု ficလေးကိုအားပေးကြပါဦး🥺 နောက်အပိုင်းတွေရေးဖို့အားရှိအောင် reactနဲ့ commentလေးတွေသနားကြပါ🙏🤧အားနည်းချက်လေးတွေ လိုအပ်ချက်လေးတွေရှိသွားရင်လည်း sorryပါခ🙏

I'd like to do anything to make you smile 😍Where stories live. Discover now