I'd like to do anything to make you smile 😍(အပိုင်း_၁၀)

0 0 0
                                    

"‌ယောကျာ်းလေးချင်းအနမ်းခံလိုက်ရတာကို ငါဘာလို့ရင်ခုန်နေရတာလဲ သူ့ကိုများချစ်မိသွားတာလား။ ဟာ မဟုတ်လောက်ပါဖူး ။ဒါကမဖြစ်သင့်ဖူးလေ လောကသဘာဝကိုဆန့်ကျင်နေသလိုဖြစ်နေမှာပေါ့။ငါကလည်းမိန်းကလေးတွေပဲကြိုက်တာပါ။ ဟူး ဘာလဲကွာ ငါ ဘာလို့သူ့အကြောင်းပဲတွေးနေရတာလဲကွာ။" ကောင်းမြတ်တစ်ယောက်တည်းအတွေးတွေလွန်ပြီး အိပ်ပျော်သွားခဲ့တယ်။

"နောက်တစ်ယောက်နဲ့တွဲမယ်ပေါ့ ငါမယုံနိုင်တော့ OMG မနေ့ညက 12o' clockဘာတွေဖြစ်မလဲမသိချင်တော့ ............ဟာမနက်အစောကြီးဘယ်ကောင်လဲကွာ ဖုန်းဆက်တာ။  hello ဘယ်သူလဲကွာ စောစောစီးစီး   မြန်မြန်ပြောကွာအိပ်ရေးဝသေးတာမဟုတ်ဖူး။"

"ကိုယ့်ရဲ့အရုပ်လေးကတော့ကွာ ပြောချင်ရာကိုတောက်လျှောက်ဇွတ်ပြောနေတော့တာပဲ  နာရီကိုလည်းကြည့်ပါဦးဗျ မနက်ဆယ်နာရီထိုးနေပြီ ။ထတော့နော် ။"

"ဟာ ခင်များကတော့ဗျာ ကျုပ်ကိုနေရာမရွေး အချိန်မရွေးဒုက္ခမျိုးစုံကိုပေးနေတယ်။ ကျုပ်ဘာသာကျုပ်ဘယ်ချိန်ထထ ခင်များအပူ မပါဖူးဗျာ။"

"ဒုက္ခပေးနေတာမဟုတ်ပါဖူးကွာ အချစ်တွေပေးချင်နေတာ။ ကိုယ့်အခုမင်းရဲ့ခြံရှေ့ရောက်နေပြီ မနက်စားသွားစားကြမယ်လေ။ ကိုယ်အခုထိဘာမှမစားရသေးဖူး မင်းလေးကိုစောင့်နေတာ ဗိုက်တွေအရမ်းဆာနေပြီ"

"သေလိုက်လေ သေလိုက် အဲ့နေရာမှာတင်လဲသေလိုက်  မနက်စာကို ကိုယ်ဘာကိုယ်သွားစားပါလား ဘာလိုကျွန်တော့်ကိုလာခေါ်နေရတာလဲ။ အိပ်ရေးမဝသေးဖူးဗျာ ပြန်အိပ်ဦးမှာ။ ဒိုးလိုက်တော့ ကိုယ်ဘာကိုယ်သွားစားဗျာ"

"ကိုယ်တစ်ယောက်တည်းမစားချင်လို့ပေါ့  အရုပ်လေးရာ ။ကိုယ်ချစ်ရတဲ့သူနဲ့ မျက်နှာချင်းဆိုင်လေးထိုင်ပြီးမနက်စာစားပြီး တစ်နေ့တာကိုဖြတ်သန်းရမှာ ဘယ်လောက်ကြည်နူးဖို့ကောင်းလဲ။"

"ဟမ် အရူး ခင်များကကျုပ်ချစ်သူမို့လား။ မနက်စောစောစီးစီးဗျာ ဘာတွေလာပြောနေမှန်းကိုမသိဖူး ကျွန်တော်ပြန်အိပ်တော့မှာ ဖုန်းထပ်မဆက်နဲ့တော့ ကိုယ့်ဘာကိုယ်ဘဲမနက်စာသွားစားလိုက်တော့"

I'd like to do anything to make you smile 😍Where stories live. Discover now