I'd like to do anything to make you smile 😍(အပိုင်း_၁၃)

0 0 0
                                    

တိတ်ဆိတ်ရဲ့ ကြည်နူးဖွယ်ကောင်းသောညတစ်ညမှာ အတွေးကိုယ်စီနဲ့လူသား နှစ်ဦးမှာဝော့ မအိပ်ကြသေး။

"ကျွန်ဝောာ်  ခင်များကိုချစ်နေမိပြီ ကိုကို။ ကိုကိုတဲ့လား ငါကိုယ်တိုင်တောင်သတိမထားမိဘဲခင်များကို ကိုကိုလို့ခေါ်လိုက်တာပဲ။ထူးဆန်းတယ်ဗျာ အချစ်ဆိုတဲ့အရာကြီးကအရမ်းဆန်းကြယ်တယ်။"လို့ကောင်းမြတ် တွေးရင်း ပါးချိုင့်လေးခွက်သွားအောင် ပြုံးလိုက်မိသည်။

တစ်ခြားတစ်ဖက်တွင်လည်း ထိုနည်းတူစွာ ချစ်ရသူအကြောင်းများတွေး၍ ကြည်နူးနေသောကောင်လေးတစ်ယောက်လည်း ရှိလေသည်။

"မင်းမချစ်တတ်လည်းရတယ် အရုပ်လေး ကိုယ်ကမင်းကို ကိုယ့်ရဲ့အချစ်တွေနဲ့ ချစ်တတ်လာအောင်သင်ပေးမှာ။ဒါပေမဲ့ကိုယ်နည်းနည်းဝောာ့ခံစားမိတယ် ကိုယ့်ရဲ့အချစ်တွေ မေတ္တာတွေကစစ်မှန်လို့ မင်းလေးကိုယ့်ကိုပြန်ချစ်နေပြီလို့ထင်တယ်။ကိုယ့်ရဲ့အချစ်တွေနဲ့ မင်းလေး တစ်ဘဝလုံးပျော်ရွှင်လုံခြုံစေရမယ်။"ဟု တွေးရင်းပျော်နေမိသည်။

ထိုအချစ်လူသားလေးနှစ်ဦးမှာ ချစ်ရသူနဲ့အချစ်အကြောင်းများတွေးရင်း ရင်ခုန်စွာ အိပ်စက်လိုက်ကြသည်။

မနက်ခင်းမိုးစင်စင်လင်းသောအချိန်သို့ရောက်သောအခါ

"ကိုကိုရေ ကိုကိုထတော့လေ မိုးလင်းနေပြီ။ကိုကိုရူတင်ရှိတယ်လေ ။ကိုကိုရေထပါတော့"ဆိုပြီး ငယ်လေးကတော့အသံစွာစွာလေးနှင့်ကောင်းမြတ်ကိုလာနိုးနေလေပြီ။

"ကိုကိုနိုးပြီ ငယ်လေးရေ ။ကိုကိုရေမိုးချိုးမျက်နှာသစ်ပြီးလာခဲ့မယ်နော်။ငယ်လေးအောက်ထပ်မှာမနက်စာစားပြီးစောင့်နေလိုက်"

"ဟုတ်ကိုကို ငယ်လေးကိုကိုနဲ့ မနက်စာတူတူစားဖို့စောင့်နေမယ်နော် ။ကိုကိုမြန်မြန်လုပ်။"

"အင်း အင်း ငယ်လေး ကိုကိုမြန်မြန်လာခဲ့မယ်နော်။"

ကောင်းမြတ်လည်းရူတင်ရှိသောကြောင့် မြန်မြန်ပြင်ဆင်ပြီး ‌ငယ်လေးနဲ့အတူ မနက်စာစားရန် အောက်ထပ်ကိုဆင်းလာခဲ့သည်။

"ကိုကိုမြန်မြန်လာ ငယ်လေးကဗိုက်ဆာနေပြီ။ကိုကို့စောင့်နေရတာ။"

I'd like to do anything to make you smile 😍Where stories live. Discover now