I'd like to do anything to make you smile 😍(အပိုင်း_၄)

1 0 0
                                    

"အရုပ်လေးရေ မင်းကိုစိတ်မချနိုင်တော့ဖူးကွာဘယ်လိုတောင်ဆိုးနေရတာလဲ ဖြစ်နိုင်ရင် ကိုယ့်ရဲ့ရင်ခွင်ထဲထည့်ထားပြီး သိမ်းထားလိုက်ချင်တယ် မင်းလေးကို ကိုယ်ကလွဲပြီးတခြားသူတွေ ကြည့်မှာတောင်ကိုယ် မလိုလားဖူး အရုပ်လေးရယ် ဟူး"ဆိုပြီးသက်ပြင်းတစ်ချက်ချကာ ကောင်းမြတ်နဖူးလေးကို အနမ်းတစ်ပွင့်ခြွေပြီး တီးတိုးရေရွတ်လိုက်မိသည်။

ကောင်းမြတ်ကတော့ဘာဆိုဘာမှကိုမသိတော့ပဲ မူးမူးနှင့်အိပ်‌ပျော်နေကာအိပ်မက်ကမ္ဘာသို့သာရောက်နေလေပြီ။

တံခွန်တစ်ယောက်ကတော့ ရေချိုး အဝတ်စားလဲပြီး အိမ်အောက်ထပ် ထမင်းစားခန်းထဲသို့ဆင်းလာလေသည်။

"သခင်လေး တံခွန်  တမင်းစား တော့မလားကျန်မအကုန်လုံးအဆင်သင့်ပြင်ပြီးထားပါပြီ  ဧည့်သည့်ကို ကျန်မ သွားခေါ်လိုက်ရမလားရှင့်"ဟု တံခွန်စံအိမ်တော်၏ အိမ်တော်ထိန်း‌ကြီးကြီးမြ  ကတံခွန်ကိုမေးလိုက်လေသည်။

"ရတယ်ကြီးကြီးမြ ကျွန်တော်အရုပ်လေး အိပ်ပျော်နေတယ် သွားမခေါ်ပါနဲ့ အိပ်ပါစေ"လို့တံခွန်ကြီးကြီးမြကိုပြောလိုက်သည်။

ကြီးကြီးမြကတော့အံဩမှုများစွာဖြင့်ပါးစပ်အဟောင်းသား" မူးနေတဲ့သူတစ်ယောက်ကိုရင်ခွင်ထဲ‌ကနေပွေ့ချီလာသည့်အပြင် ကျွန်တော့်ရဲ့အရုပ်လေးတဲ့ "လားဆိုပြီးကြီးကြီးမြစိတ်ထဲကနေတွေးရင်း ဒီကလေး လေးဟာ တံခွန်ဘဝအတွက်အရေးကြီးတဲ့သူတစ်ယောက်ဆိုတာကြီးကြီးမြသတိထားမိလေသည်။

"သခင်လေး ဒီနေ့အစားနည်းတယ်နော် ကျန်မသိမ်းလိုက်တော့ပါမယ် ဧည့်သည့်အတွက် ကျန်မဘာများစီစဉ်ပေးရဦးမလဲ"ဟုကြီးကြီးမြ ပြောလိုက်သည်။

"မလိုပါဖူး ကြီးကြီးမြ အရုပ်လေးအတွက် ဘာမှမလိုအပ်ပါဖူး "လို့ပြောပြီး တံခွန်  အရုပ်ကလေးမှေးစက်နေတဲ့ အခန်းဆီသို့ ညင်သာစွာ‌လျှောက်လှမ်းလာလေသည်။

တံခွန် မွေ့ရာထက်မှာမှေးစက်နေတဲ့ အရုပ်ကလေးကို မျက်တောင်တစ်ချက်မခက်ဘဲ ငေးကြည့်နေမိသည်။

"အရုပ်လေးရေ မင်း လိမ်လိမ်မာမာနေစမ်းပါ အရမ်းဆိုးနေရင်အိမ်ပြန်မလွှတ်ဘဲအပိုင်သိမ်းထားလိုက်မှာမင်းသိရဲ့လား။ မင်းရဲ့ဝါသနာနဲ့ရည်မှန်းချက်‌တွေကို ကိုယ်နားလည်ပေမဲ့ မင်းဘေးနားမှာ ဝိုင်းဝိုင်းလည်နေတဲ့ယောကျာ်းရော မိန်းမရော ကိုယ်တစ်ယောက်မှကြည့်မရဖူးကွာ  ။မင်းဘေးမှာကိုယ်ကလွဲပြီး တခြား ဘယ်သူမှရှိတာကိုမကြိုက်ဖူး  အတ္တကြီးတာတော့မဟုတ်ပါဖူးကွာ အရမ်းချစ်မိသွားခဲ့တာ ပါးချိုက်လေးနဲ့အရုပ်လေးရေ"လို့ တံခွန်ဆိုကာ ချစ်ဖို့ကောင်းလွန်းလှတဲ့အရုပ်လေးကိုရင်ခွင်ထဲ ထည့်ပြီး အိမ်မက်ကမ္ဘာထဲသို့ အလည်သွားလေပြီ။

I'd like to do anything to make you smile 😍Where stories live. Discover now