I'd like to do anything to make you smile 😍(အပိုင်း_၆)

0 0 0
                                    

"ခနလေးဆိုပြီးခင်ဗျားရောက်တာကြာနေပြီဝယ်လို့မပြီးနိုင်တော့ဖူးလားပြန်ချင်ပြီဗျာ စိတ်ကမရှည်တော့ဖူး။"

"အရုပ်လေးရယ်ခနလေးနေပါဦး လူပုစိတ်တိုဆိုတာမင်းလေးပဲသိလားဒါပေမဲ့မင်းကချစ်ဖို့အကောင်းဆုံးပဲအရုပ်လေး"ဆိုပြီးကောင်းမြတ်ရဲ့ပါးအိအိလေးကိုဆွဲကာခေါင်းလေးကိုအသာပုတ်ပြီး တံခွန် အဝတ်အစားရောင်းတဲ့ဆိုင်ထဲဝင်သွားလေသည်။

"ဘာလားဟ ဒီဘဲငစား သူများရဲ့နုနုထွတ်ထွတ်အသားလေးကိုလည်း ကိုင်သေးတယ် တန်ဖိုးရှိတဲ့ငါ့ဆံပင်ကိုလည်းကိုင်သေးတယ် ခင်ဗျားကြီးကျုပ်နဲ့တွေ့မယ်"လို့တီးတိုးရေရွတ်ပြီး တံခွန်ဝင်သွားတဲ့အဝတ်ဆိုင်ထဲဝင်လာလိုက်သည်။

"အရုပ်လေး ကြိုက်တာယူနော် ကိုယ်ကမင်းလေးအတွက်လက်ဆောင်ပေးချင်လို့"

" Okလေပေးတဲ့သူကပေးချင်တာယူရမယ်သူကမငြင်းချင်ပါဖူးလေ"ပြောပြီးနောက်လှည့်ကာ"ခင်များ ကျုပ်အကြောင်းကောင်းကောင်းသိမယ် ကောင်းမြတ်စံတဲ့ တစ်စံပဲရှိတယ်"ဟု‌စိတ်ထဲကတွေးရင်တံခွန်ဘက်ပြန်လှည့်ကာပြုံးပြလိုက်သည်။

ကောင်းမြတ်လည်းဒီလူကြီးမရှင်းနိုင်လောက်ဖူးဟုထင်ကာ ကုန်တိုက်ထဲမှာရှိတဲ့ဆိုင်တိုင်းအလိုလိုက  တစ်ဆိုင်လုံး မဝယ်ရုံတမယ် လိုအပ်တာရောမလိုအပ်တာပါဝယ်ပစ်လိုက်သည်။

"အယ် လူကြီးကျွန်တော်လိုချင်တာကြိုက်တာလေးတွေယူလိုက်တာများသွားလား လူကြီးရှင်းရောရှင်းနိုင်ရဲ့လား ဒါတွေအကုန်လူံမဝယ်ပေးနိုင်လည်းရတယ်နော်ကျွန်တော် ကိုယ်ပိုက်ဆံနဲ့ပဲကိုယ်ပဲဝယ်လိုက်ပါ့မယ်"ဆိုပြီးမျက်တောင်လေးပုတ်ခက်ပုတ်ခက်နှင့်နှုတ်ခမ်းလေးဆူကာ လူကိုအထင်သေးသလိုရွဲ့သလိုပြောနေတဲ့ကျွန်တော်ရဲ့ အရုပ်ကလေးပါ။

ကျွန်တော်သိ‌ဝာာပေါ့ အရုပ်ကလေးကိုအရိပ်လိုအမြဲကြည့်နေတဲ့သူပဲ ကျွန်တော်ကိုပညာပြပြီး ရွဲ့ချင်နေတဲ့အရုပ်ကလေးရယ် "မင်းငယ်သေးတယ်ကွာ"ဆိုပြီးစိတ်ထဲကတွေးရင်ပြုံးလိုက်မိသည်။

" No problem babyမင်းလိုချင်တယ်ဆိုဒီကုန်တိုက်တစ်ခုလုံးမက ကောင်းကင်မှာရှိတဲ့ဓူဝံကြယ်ကိုတောင်ကိုယ် ယူပေးနိုင်တယ်ဆိုတာ မင်းသိလား"

I'd like to do anything to make you smile 😍Where stories live. Discover now