I'd like to do anything to make you smile 😍(အပိုင်း_၇)

0 0 0
                                    

ကောင်းမြတ်လည်းရုတ်တရပ်တစိမ်းယောကျာ်းလေးတစ်ယောက်ရဲ့နမ်းတာခံလိုက်ရသောကြောင့်စိတ်တိုတိုနဲ့အိမ်ထဲကိုသာအမြန်ဝင်လာခဲ့သည်။

"သားကောင်းမြတ်ပစ္စည်းတွေအများကြီးဘာလုပ်ဖို့ဝယ်လာတာတုန်းသားအခန်းနဲ့သားဝယ်လာတဲ့ပစ္စည်းတွေဆံ့တောင့်ဆံ့ပါ့မလားကွယ်"

"ဟိုလေမာမီ အဲ့ဒါကဟိုဟာ ဒီလိုရှိတယ်မာမီရဲ့ဘယ်လ်ုပြောရမလဲဆိုတော့လေ သားက"

"ကဲ ဘယ်လိုမှပြော‌မနေနဲ့တော့မောင်မင်းကြီးသားရေ ဝယ်လာပြီးပြီဆိုတော့လည်း သွားရေမိုးချိုးအဝတ်စားလဲပြီးအောက်ထပ်ကိုဆင်းခဲ့သားကြိုက်တဲ့ဟင်းတွေမာမီချက်ထားတယ်"

"အာဘွား ကောင်းမြတ်ရဲ့ချစ်ဖို့အကောင်းဆုံးမာမီသား ရေမြန်မြန်ချိုးပြီးဆင်းလာခဲ့မယ်နော်"ကောင်းမြတ်လည်းဒေါသထွက်ထွက်နှင့် အိမ်ထဲသို့ဝင်လာသော်လည်းမာမီကိုတွေ့တာနှင့်မျက်နှာချိုသွေးပြီး အခန်းထဲသို့ဝင်လာခဲ့သည်။

ရေချိုးဖို့ပြင်ဆင်နေရင်းကောင်းမြတ်ရဲ့အတွေးတွေထဲမှာ တံခွန်နဲ့ပုံရိပ်များကိုသာမြင်ယောင်ပြီးဘယ်ဘက်ရင်အုံလေးထဲကတဒုတ်ဒုတ်နှင့်ခုန်လာခဲ့သည်။

"ဟာ ဒီလူကြီးအကြောင်းကဘာလို့ငါ့အတွေးတွေထဲမှာရှိနေတာလဲ ။ငါ့ကရောသူ့အကြောင်းတွေးတာဘာလို့ရင်ခုန်လာတာရလဲ။ ငါသူ့ကိုကြိုက်နေတာလား။အား ဘယ်ကသာ ငါ့ကအဖြောင့်မိန်းကလေးချောချောလေးတွေပဲကြိုက်တာပါ။သူကရုတ်တရပ်မို့ရင်တုန်သွားတာ ရင်ခုန်တာမဟုတ်လောက်ပါဖူး။"ကောင်းမြတ်လည်း ထိုလူကြီးနှင့်ပတ်သတ်၍ဖြစ်ပေါ်လာသောခံစားချက်တွေကိုတစ်ယောက်တည်းတီးတိုးရေရွတ်နေမိပြီး မြန်မြန်ရေချိုးအဝတ်အစားလဲကာ မာမီချက်ထားသော ဟင်းများကိုအဝဆွဲလိုက်သည်။

တစ်စုံတစ်ယောက်ကိုတမ်းတသတိရနေသောသူတစ်ဦးကတော့

"အရုပ်လေးရေ မင်းနဲ့မတွေ့ရတာတစ်နာရီကျော်ကျော်လေးပဲရှိတာကိုယ့်အတွက်တစ်နှစ်လောက်ကြာတယ်လို့ထင်ရတယ်ကွာ ။အဲ့လိုလွမ်းနေရမှန်းသိရင်အရုပ်လေးကိုအိမ်ပြန်မပို့ဘဲအပိုင်းသိမ်းလိုက်ရမှာ ။လွမ်းတယ်အရုပ်လေးရေ။ မင်းလည်းကိုယ့်ကိုသတိရနေရင်ကောင်းမယ်ကွာ။"လို့တစ်ယောက်တည်းအရုပ်လေးကိုအလွမ်းသယ်ရင်းအပျင်းပြေ ဝိုင်တစ်ခွက်သောက်လိုက်သည်။

I'd like to do anything to make you smile 😍Where stories live. Discover now