I'd like to do anything to make you smile 😍(အပိုင်း_၉)

0 0 0
                                    

တံခွန်လည်းဆိုးလွန်းတဲ့ကလေးကို အကြင်နာနှုတ်ခမ်းတစ်စုံနှင့်ထိတွေ့ပြီး ဆုံးမပေးလိုက်သည်။  ရင်ခွင်ထဲက အကောင်ပေါက်လေးကတော့ကျွန်တော်ရဲ့ရင်ဘက်ကိုတဘုန်းဘုန်းထုကာ တွန်းထုတ်နေသောကြောင့် ကျွန်တော်လည်း အနမ်းတစ်စုံကိုရပ်တန့်လိုက်သည်။

"ခွပ် ခင်များ ဘယ်လိုလူလဲဗျ ။ ယောကျာ်းလေးချင်းနမ်းစရာလား  ။ပြီးတော့ ပြီးတော့ဒါကကျွန်တော်ရဲ့ first kiss    နှမျောလိုက်တာ ခင်များကိုမုန်းတယ်သိလား အခွင့်အရေးသမားကြီး။"ရုတ်တရပ် ထပ်တူကျလာသော နှုတ်ခမ်းတစ်စုံကြောင့်ရင်ခုန်မိသော်လည်း ယောကျာ်းလေး တစ်‌ယောက်ဖြစ်ပြီးကိုယ်နှင့်သိတာမှ မကြာသေးသော လူတစ်ယောက်က ယခုလိုပြုမှုလာသည်ကို စိတ်ဆိုးပြီး အဲ့လူကြီးကို ကျွန်တော်ရဲ့လက်သီးဖြင့်‌မိတ်ဆက်ပေးလိုက်သည်။

တံခွန်ကိုထိုးပြီး ကားတံခါးဖွင့်ကာဆင်းပြေးဖို့လုပ်နေတဲ့အရုပ်လေးကိုပြန်ဆွဲပြီးရင်ခွင်ထဲ ထည့်ထားလိုက်ပြီး    "အရုပ်လေး မင်းသိရဲ့လား ။ကိုယ့် မင်းလေးကိုစတွေ့တည်းကချစ်ခဲ့ရတာ။အချစ်မှာမျက်စိမရှိဖူး အရုပ်လေး။ကျား မ ခွဲခြားစရာမလိုဖူး အချစ်ကအချစ်ဘဲ။ love is loveပဲ။ ကိုယ်ကအတ္တကြီးတယ် မင်း လေးပြန်မချစ်နိုင်ဖူး ဆိုရင်တောင်မင်းလေးကိုကိုယ့်ရဲ့အနားမှာဘဲထားပြီးကိုယ့်ကိုချစ်လာအောင်ကြိုးစားမှာ အရုပ်လေး။ ဒါ ကို မင်းလေး နားလည်ထားပေးပါအရုပ်လေး။ အရမ်းချစ်တယ်။ အခုချက်ချင်း အဖြေမပေးနိုင်ဖူးဆိုရင်တောင် မင်းလေး ကိုယ့်ကိုလက်ခံလာတဲ့ အထိ ကိုယ် စောင့်ပါ့မယ်။ "ရင်ထဲက အရုပ်လေးနှင့်ခံစားရသမျှ တံခွန်မခြွင်း မချန် အကုန်လုံးကို ဖွင့်ပြောလိုက်မိသည်။

"ခင်များပြောချင်တာ ဒါပဲမလား ။ကျွန်တော် ပြန်တော့မယ်"

"နေဦး babyကိုယ် လိုက်ပို့ပေးမယ်။  မင်းလေးကိုစိတ်မချဖူး ကွာ။"

"ကျွန်တော်ကိုစိတ်မချရအောင်ကျွန်တော်ကလေး မဟုတ်ဖူး။ အဲ ကလေးမဟုတ်လို့စိတ်မချတာလိာ့လည်းလာ မပြောနဲ့ ဒီစကားကရုပ်ရှင်တွေထဲမှာကြားဖူးနေကြ"ဆိုပြီးကျွန်တော်ကို့မျက်စောင်းလေးထိုး နှုတ်ခမ်းလေးဆူပြီးပြောနေသည်မှာ တကယ့်ကိုအပြစ်ကင်းစင်သည့် ကလေး တစ်‌ယောက်သဖွယ်ပင်ဖြစ်သည်။

I'd like to do anything to make you smile 😍Where stories live. Discover now