I'd like to do anything to make you smile 😍(အပိုင်း_၅)

1 0 0
                                    

"အမလေး ငါလေးတော့နော်ဒုက္ခရောက်တော့မှာပဲ
အခုရူတင်ကအရေးကြီးတာ  တော်ပါသေးတယ်နာရီကြည့်မိလို့"ဟုကောင်းမြတ်တစ်ယောက် ပွစိပွစိပြောပြီး  သူ့အပေါ်ကုတ်ကိုယူကာအခန်းပြင်ထွက်ဖို့ပြင်လိုက်သည်။

ထိုအခါ တံခွန်သည် အခန်းတံခါး‌ရှေ့မှာ ရုတ်တရပ်ပိတ်လိုက်၏ ။

ကောင်းမြတ်ကခေါင်းငုတ်ပြီးလမ်းလျှောက်လာတာကြောင့်တံခါးရှေ့မှာရပ်နေသောတံခွန်ကိုမမြင်ဘဲ ဝင်တိုက်လိုက်ရာ   တံခွန်ရင်ခွင်ထဲသို့တန်းတန်းမတ်မတ်ရောက်သွားသည်။

"အမလေးဗျာ ခင်ဗျားကဘာလို့တံခါးရှေ့ကပိတ်ရတာလဲ ငါရဲ့ချောမောလှနေတဲ့နုနုထွတ်ထွတ်မျက်နှာလေး ခင်ဗျားနဲ့တိုက်မိတာနာသွားပြီဗျ"ဆိုပြီးနှုတ်ခမ်းလေးကိုဆူပြီးပြောလိုက်သည်။

တံခွန်ကတော့ရင်ခွင်ထဲရောက်လာတဲ့အရုပ်လေးကိုမလွှတ်သေးဘဲ ပီတီတွေဖြာလျှက်ရှိသည်။သူ့ကိုယ်သူဂုဏ်ဆာလိုက်သေးသောအရုပ်လေးကြောင့်တံခွန် ရယ်လိုက်တာ အသံနည်းနည်းထွက်သွားသည်။

"ဒီမှာခင်ဗျား ဘာရယ်တာလဲကျုပ်ကိုလွှတ်ဦးဗျ ကျုပ်အရေးကြီးကိစ္စရှိတယ် ခင်ဗျားနဲ့ဖက်ပြီးရန်ဖြစ်နေဖို့အချိန်မရှိဖူး"

"မလွှတ်ချင်ပါဖူး ကိုယ်ကကိုယ်ဘာကို ရပ်နေတာလဲ အရုပ်လေးက ကိုယ့်ရဲ့ရင်ခွင်ထဲကိုကျူးကျော်ဝင်ရောက်လာတာ လေ ။အရုပ်လေးမှာကိုယ်ကလွဲရင်တခြားအရေးကြီးကိစ္စမရှိရပါဖူး ။ "

"ဒီဘဲ ငစား ဘာတွေကြောင်တောင်တောင် ပြောနေတာလဲ  ကျွန်တော်ကိုလွှတ်စမ်းပါဗျာ မလွှတ်ရင်ခင်ဗျားကို ဆွဲထိုးမှာနော်"

"ကိုယ်ရင်ခွင်ထဲကပဲထွက်လို့ရအောင်လုပ်စမ်းပါဦး 
ကိုယ့်ကိုများထိုးဦးမယ်တဲ့ ဘာလဲနှုတ်ခမ်းနဲ့လား"

"ခင်ဗျားကြီးနော် ကျုပ်ဒေါသထွက်လာပြီ "

"ဒေါသထွက်တဲ့ပုံစံလေးကလည်းကွာချစ်ဖို့ကောင်းလိုက်တာ  အိမ်တောင်ပြန်မလွှတ်ချင်တော့ဖူး ။ အရုပ်လေးအလုပ်ကိစ္စအတွက်ဘာမှမပူနဲ့ ကိုယ်အဆင်ပြေအောင်စီစဉ်ပေးထားတယ်"

I'd like to do anything to make you smile 😍Where stories live. Discover now