I'd like to do anything to make you smile 😍(အပိုင်း_၁၂)

0 0 0
                                    

"အရုပ်လေး စောနကကိုယ့်ကိုသဝန်တိုသွားတာမလား မှန်မှန်ဖြေနော် ကိုယ်သိတယ်"

"ဆုတောင်းလေ ကျွန်တော်ကခင်များကိုအမြင်ကပ်လိုတမင်လုပ်တာ ခင်များရည်းစားဆိုအထင်လွဲပြီး စော်ပစ်ခံရအောင် လုပ်တာဗျာ ရှင်းလား ကိုယ့်ကိုကိုယ်အရမ်းအထင်ကြီးဝာာပဲ နော်"ဆိုပြီး

ကောင်းမြတ် ရန်တွေ့သလိုလေး တံခွန်ကိုပြန်ပြောလိုက်ပေမဲ့ စိတ်ထဲတွင်တော့အမှန်တကယ်သဝန်တိုမိသည်။

သူ့ကိုချစ်သည်ဆိုပြီး မိန်းကလေးတစ်ဦးနှင့်ပျော်ပျော် ရွှင်ရွှင်စကားပြောနေတာကို လုံးဝမကြိုက်ဖူး ဖြစ်နေသည်။

"အရုပ်လေး ဘယ်သွားဦးမလဲ ။ အိမ်ပဲပြန်မလား မနက်ဖြန်ရူတင်ရှိတယ်ဆိုတော့စောစောအနားယူလိုက်ဦးနော်။"

"အင်း အိမ်ပဲပြန်ပို့ပဲပေး ။ဟမ် ဒါနဲ့ ခင်များကမနက်ဖြန် ကျွန်တော်ရူတင်ရှိတယ်ဆ်ုတာခင်များဘယ်လို လုပ်သိတာလဲ။"

"ကိုယ်ကအရုပ်လေးကိုအရိပ်လေးမျိုး ကြည့်နေတဲ့သူလေ အရုပ်လေး ရဲ့ကိစ္စတိုင်းကို ကိုယ်မသိတာမရှိဖူး။"

"ဪ အင်းပါ  အိမ်ပြန်မယ် မောင်းတော့"

"ဟုတ်ကဲ့ သခင်လေးသဘောပါ"

ကောင်းမြတ် ပြန်လာတဲ့လမ်းတစ်လျှောက်လုံးစဉ်းစားနေမိသည်။သူ တံခွန်ကိုချစ်နေမိပြီထင်သည်။

တံခွန်နဲ့တွေ့နေရရင်သူပျော်တယ် တံခွန် မလာတဲ့နေ့တွေကျရင် မျှော်နေမိတယ်။ သူနဲ့တွေ့တိုင်းရင်ခုန်သံတွေကထိန်းချုပ်ဖို့ခက်ခဲတယ်။

ငါအဲ့လိုမျိုးတွေခံစားနေရတာ သူကိုချစ်နေလို့ထင်တယ်။

"ကိုယ့်ဘေဘီ ဘာတွေတွေးနေတာလဲ အိမ်ရောက်ပြီ ဘေဘီ"

"ကျေးဇူးပါပဲ ဒီနေ့ ခင်များကြောင့် ကျွန်တော် တကယ်ပျော်ခဲ့ရပါတယ် ကားလည်းဂရုစိုက်ပြီး ဖြည်းဖြည်းမောင်းနော်"

"ခနလေး   ကိုယ့်ရဲ့ဘေဘီအရုပ်လေး ကိုယ်ပြောစရာရှိသေးတယ် "လို့ပြောပြီး ‌တည်ကြည်လေးနက်တဲ့အချစ်မျက်ဝန်းတွေနဲ့ ကောင်းမြတ်ကိုအမြတ်တနိုးကြည့်လိုက်သည်။

I'd like to do anything to make you smile 😍Where stories live. Discover now