I'd like to do anything to make you smile 😍(အပိုင်း_၁၄)

0 0 0
                                    

"ချစ်တယ်နော် အရုပ်လေး "

ကောင်းမြတ်ပြုံးလိုက်မိသည် သူနဲ့စကားပြောတိုင်းချစ်တယ်ဆိုတဲ့ စကားကိုအမြဲမမေ့မလျော့ ပြောတတ်သည့် ထိုလူကြီးကို ကောင်းမြတ် တကယ်ကိုချစ်မိနေခဲ့ပြီ။

"ကဲ အစ်ကို ကောင်းမြတ်စံရေ ဒီနေ့အရမ်း‌ေတာ့ပင်ပန်းသွားပြီ ရိုက်ရတဲ့အခန်းတွေ များတယ်လေ အိမ်ကိုပဲတန်းပြန်‌မှာမလား  ချိန်းထားတာရှိသေးလား။"

"ဟုတ်တယ် အစ်ကို ကိုစည်သူ ကျွန်တော်   အစ်ကိုပိုင်နဲ့ ချိန်းထားတယ်"ဆိုပြီး  ကောင်းမြတ်ပါးချိုင့်လေး ပေါ်နေအောင် ပြုံးပြီး  ကိုစည်သူကိုပြောလိုက်သည်။

"အေးပါကွာ ငါ ဘယ်ကိုလိုက်ပို့ပေးရမလဲ"

"ရတယ် အစ်ကိုစည်သူ လည်းပင်ပန်းနေမှာပေါ့ စောစောပြန်နားလိုက်နော်။ကျွန်တော် ကိုယ်ဘာသာကိုယ်ပဲမောင်းသွားလိုက်တော့မယ်။"

"‌ဟုတ်ပါပြီဗျာ အခုတော့ကျုပ်ကအပိုလူဖြစ်ပြီပေါ့ ။သွားပြီ ကောင်းမြတ်ရေ"

"ဟုတ် ကိုစည်သူ bye "ဆိုပြီး ကောင်းမြတ်နှုတ်ဆက်ပြီး တံခွန်နဲ့ချိန်းထားတဲ့နေရာကို ထွက်လာခဲ့သည်။"ကျွန်တော်ရင်တွေအရမ်းခုန်နေတယ် ကိုကိုရေ။ကိုကိုအကြောင်းတွေတိုင်းရင်ခုန်သံတွေမြန်လာပြီး ပျော်ရတယ် ။အဲ့ဒါအချစ်ကြောင့်ပဲကိုကို "ဟု ၏စိတ်ထဲကတွေးပီးရင်ခုန်နေမိသည်။

ကောင်းမြတ် လမ်းတစ်လျှောက် ကြည်နူးခြင်း ရင်ခုန်ခြင်းများစွာနဲ့ ရောက်လာပေမဲ့ မြင်လိုက်ရတဲ့မြင်ကွင်းတစ်ခုကြောင့် ပျော်ခဲ့ရတဲ့အပျော်တွေက တစ်ခနလေးအတွင်း ဝမ်းနည်း နာကျင်စရာ မျက်ရည်တွေအဖြစ်ပြောင်းလဲသွားခဲ့သည်။

ထိုသို့ဖြစ်စေခဲ့သည့် အကြောင်းရင်းကဝောာ့

"ကိုယ် မင်းကို ချစ်တယ် ။မင်းကကိုယ့်ဘဝရဲ့အလင်းရောင်ပါ။ ကိုယ့်ဘဝရဲ့ ရှေ့ဆက်လျှောက်မယ့်အနာဂတ်ခရီးကို မင်းနဲ့ပဲလက်တွဲပြီး အရာအားလုံးကို ရဲရဲဝင့်ဝင့်လျှောက်လှမ်းခြင်တယ်။ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်လေးဖြစ်ပေးပါ ...."ဆိုပြီး တံခွန် နှင်းမြတ်ကိုဒူးလေးထောက်ပြီး ပန်းစည်းလေးကိုင်ကာချစ်ခွင့်ပန်နေသည် ကိုရင်နာစရာ‌တွေ့လိုက်ရသည်။

I'd like to do anything to make you smile 😍Where stories live. Discover now