Episode-28

1.1K 34 0
                                    

Unicode

မင်္ဂလာပွဲနေ့ရောက်တော့ ဟော်တယ်တစ်ခုမှာ နှစ်ဖက်မိဘဆွေမျိုး လုပ်ငန်း အသိုင်းအဝိုင်းနဲ့ နေထက်မြတ် ဂုဏ်ရည်လွှမ်းတို့ မျက်နှာရင်းပြီး သူတို့ကို နှစ်လိုတဲ့သူတွေကိုသာ ဖိတ်လိုက်တယ်

ပွဲကိုလာတဲ့သူတွေဆိုတာကလဲ နေထက်မြတ် ဂုဏ်ရည်လွှမ်းတို့ကို သဘောတူကြည်ဖြူလက်ခံတဲ့ သူတွေဘဲမို့လို့ မင်္ဂလာပွဲလေးက စည်ကားသိုက်မြိုက်ပြီး အရမ်းလှပတဲ့မင်္ဂလာပွဲလေးပေါ့

ဟော်တယ် Ball Room အပေါက်မှ ဝင်ဝင်ခြင်းမြင်ရမှာက သတို့သားနှစ်ယောက်ရဲ့ ရွှေရောင် မြန်မာဝတ်စုံနဲ့ စုံတွဲမင်္ဂလာဓာတ်ပုံ နဲ့ အနောက်တိုင်းအဖြူနဲ့‌ရွှေရောင်ရောစပ်ထားတဲ့ဝတ်စုံနဲ့ စုံတွဲရိုက်ထားတဲ့ မင်္ဂလာဓာတ်ပုံ တွေဘဲ ဖြစ်ပါတယ်...

ကော်ဇောနီလျှောက်လမ်းအရှေ့တည့်တည့်မှာတော့ သတို့သားနှစ်ယောက် ဘိတ်သိပ်မြှောက်ဖို့ စင်မြင့်နဲ့ သတို့သားများနဲ့ မိဘတွေထိုင်ဖို့ရွှေရောင်အစွတ်တွေစွတ်ထားတဲ့ ဆိုဖာခုံများ နဲ့ နောက်ခံ Background မှာတော့ မောင်နေထက်မြတ် + မောင်ဂုဏ်ရည်လွှမ်း တို့၏ မင်္ဂလာဧည့်ခံပွဲဆိုတဲ့ ရွှေရောင်စာတန်း အပေါ်အောက်မဟုတ် တစ်တန်းတည်း ..

အပေါ်မှ အောက်ကို ကြည့်လိုက်ရင်လဲ လျှောက်လမ်းတစ်လျှောက်ဘေးဘက်မှာ နှင်းဆီအဝါတွေ ထိုးထားတဲ့ ခြင်းတွေ တိုင်‌တွေနဲ့ လူများအဖို့ မျက်စိပသာဓ ဖြစ်စရာမြင်ကွင်းတွေပါဘဲ..

ပွဲခင်းထဲကြည့်တော့ စားပွဲ ထိုင်ခုံ လက်ကိုင်ပဝါ အစရှိသည်များလဲ အကုန် ရွှေဝါရောင် များဖြစ်နေတာတွေ့ရမှာဖြစ်ပါတယ်

တစ်ခန်းလုံး ရွှေဝါရောင်တွေနဲ့ စီရင်ထားတဲ့ အခန်းကြီးအလား ထင်မှတ်စရာ ကြီးကြယ်ခန်းနားလွန်းလှပါတယ်....

အခန်းထဲရှိထိုးထားတဲ့ မီးရောင်တွေကလဲ ရွှေအဆင်းကို ပိုမိုပေါ်လွှင်စေတဲ့ မိုးပြာနုရောင် မီးများထွန်းထားတော့ အရမ်းကို လှပနေတော့တာပေါ့..

မင်္ဂလာချိန်ရောက်တော့ ရွှေရောင်မြန်မာဝတ်စုံနဲ့ ပနံသင့်နေတဲ့ သူတို့သားနှစ်ဦး တစ်ဦးလက်တစ်ဦး ဆွဲကာလျှောက်လှမ်း လာတဲ့ ဟန်ပန်ဟာဆိုရင် အရမ်းကို ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလို့ သက်မှတ်ရမှာဖြစ်ပါတယ်..

မာနကျိန်စာ (Completed)Where stories live. Discover now