Episode-36

993 36 0
                                    

Unicode

ဒီလိုနဲ့ဘဲ ရက်ကိုလစားရင်းနဲ့ သူတို့ပေါင်းဖက်ကြတာဟာ ရက်၁၀၀ အတိကိုရောက်လာတော့တယ်
ကံထမ်းလာတာကိုမမြင် လှံထမ်းလာတာကိုဘဲ မြင်ဆိုသလို နေထက်မြတ် နဲ့ ဂုဏ်ရည်လွှမ်းတို့ ကံထမ်းလာတာ မမြင်မိကြသေး ...

ရက်၁၀၀ ပြည့်ကို နှစ်ယောက်သား ပျော်ရွှင်မှုတွေနဲ့ကုန်ဆုံးစေရင်း မနက်ဖန်ကို စောင့်ကြိုလိုက်တော့တယ်...

နေထက်မြတ်နဲ့ ဒေါ်မာလာ ဂုဏ်ရည်လွှမ်းမသိအောင် တိုးတိုးတိတ်တိတ် ကြိတ်လုပ်နေကြတယ် ဂုဏ်ရည်လွှမ်းလဲ မသိတာမို့ ဘာမှသံသယမဖြစ်ခဲ့

တစ်လကြာတော့ နေထက်မြတ်ရယ် ဒေါ်မာလာရယ် က ဂုဏ်ရည်လွှမ်းနဲ့ စကားပြောဖြစ်ကြတယ် ..

"သားဂုဏ် သားကလေးချစ်တက်တယ်မှတ်လား သားဂုဏ်"

"ဟုတ် ချစ်တက်ပါတယ်"

"မေ့မာလာသားပြောသားဘဲ ဂုဏ်ရည်က ကလေးချစ်တက်ပါတယ်လို့"

"အင်းသား"

"သားတို့ရက် ၁၀၀ ပြည့် ကလေးတွေကို အလှူလုပ်တုံးက ကလေးတွေက ဂုဏ်ရည့် အနားမှာ မွှေးလိုက် နမ်းလိုက်နဲ့ ဂုဏ်ရည်ကလဲ အဲ့ကတည်းက ဂုဏ်ရည် ကလေးချစ်တက်မှန်းသိပြီးသား"

"အေးပါးသားနေရယ်"
ဒေါ်မာလာ ခဏနားပြီးစကားဆက်ပြောတယ်..

"သားဂုဏ် အမေသားကိုပြောစရာရှိတယ်"
ပြောလိုက်တော့ မျက်ခုံးနှစ်ခုကိုပင့်တင်မိလိုက်တယ် ပြီးတော့

"ဟုတ်ပြောလေ မေမေ" ဂုဏ်ရည်လွှမ်းပြန်ပြောလိုက်တော့

"မေမေ့အသိ ပြီးခဲ့တဲ့ တစ်လက အိမ်ကို အလည်လာတုံးက မေမေတို့ Information တစ်ခုရထားတယ် "

"ဟုတ်မေမေ ဆက်ပြောပါ"

"အင်း သား ဒီလို.... သားလဲကလေးချစ်တက်တယ် သားနေလဲကလေးချစ်တက်တယ် မေမေတို့ ဖေဖေတို့ဆိုရင်ပြောစရာကို မလိုတော့ဘူးပေါ့ "

ဂုဏ်ရည်နည်းနည်းရိပ်မိလာပြီမို့ ပြည့်စုံစွာသိရန် ဆက်နားထောင်လိုက်တော့တယ်

"နိုင်ငံခြားမှာ သားဂုဏ်ရဲ့ မျိုးဥနဲ့ သားနေရဲ့ မျိုးဥကို တစ်ပေါင်းတစ်စည်းထဲ ကိုယ်ဝန်ဆောင်လို့ရတဲ့ မျိုးရိုးသန့် အမျိုးသမီး နည်းပညာအကူအညီနဲ့ အမွှာ အငှားကိုယ်ဝန်ဆောင်လို့ရတဲ့ အမျိုးသမီးတစ်ယောက်ကို မေမေတို့တွေ့ထားတယ် သားဂုဏ် မေမေတို့ စီစဉ်ထားပြီးသား သားဂုဏ်လဲကလေးချစ်တက်တဲ့သူ သားနေကတော့ပြောစရာမလိုတော့ဘူးပေါ့ ဒါ့ကြောင့် သန်ဘက်ခါ ဩစီကို သွားမယ် အဲ့ဒါ သားဂုဏ်ကိုပြောပြတာ ဘာမှလုပ်စရာမလိုဘူး အကုန်စီစဉ်ပြီးသား"

မာနကျိန်စာ (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ