Episode-67

663 20 0
                                    

Unicode

ဂုဏ်ရည်လွှမ်းပြောတဲ့အတိုင်း နောက်တစ်နေ့ရုံးလိုက်သွားတယ်

ရုံးရောက်တော့ နေထက်မြတ်က အားလုံးကိုမိတ်ဆက်ပေးတယ်

"အားလုံး နားထောင်ကြပါ အခုရပ်နေတဲ့သူက Japan နိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းဝင် Mr Kaisuke စားသောက်ကုန် လုပ်ငန်း restaurant တွေ အများကြီးပိုင်ဆိုင်တဲ့သူ နောက်သူက မြန်မာလူမျိုး ဂျပန်နိုင်ငံသား အခုကုမ္ပဏီကို လေ့လာလိမ့်မယ် Mr Kaito က Mr Kaisuke ရဲ့ သား နောက်ပြောရရင် အခု Gone Distribution ရဲ့ ပိုင်ရှင်တစ်ယောက်လဲဖြစ်တယ် export manager နဲ့ marketing manager တို့ရဲ့ အဖေလဲ ဟုတ်တယ် နောက် ငါ့ရဲ့ ခင်ပွန်း အားလုံး ရိုရိုသေသေဆက်ဆံကြပါ သူလိုချင်တာ အကုန်လုပ်ပေးလိုက် ဘာဘဲလိုလို သူခိုင်းတာ အကုန်လုပ်ရမယ် ကြားတယ်နော် "

"ဟုတ်ကဲ့ "

ဂုဏ်ရည်လွှမ်း သူစီစဉ်ထားတဲ့အတိုင်း server ကို အရင်ဆုံး သူ့ပါလာတဲ့ Technician နဲ့ အရင်ဆုံး ဝင်လုပ်တယ် လုံးဝမနား Finance Marketing Store က အချက်အလက်တွေ အကုန်တောင်းတယ် Audit ကိုခေါ်တယ် သူတို့ report တွေ အကုန် တောင်းတယ် တစ်နှစ်စာ report တွေ နဲ့ Sales Data တွေ တိုက်စစ်တယ် Technician ရဲ့ ပေးတဲ့ sales data တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဘယ်လောက်မှ မကြာလိုက် ထမင်းမစားခင် အကုန်ပြီးသွားတယ်

သူထမင်းမစားခင် Round လည့်ပြီး အကုန် ဩဝါဒတွေ အကုန်ချွေ ပြောသင့်တာပြော ဆူသင့်တာဆူ အကုန်လုံး မျက်နာတွေက ဇီးရွက်လောက်သာ ကျန်တော့တယ် Admin Manager ကို သူပြောတာတွေမှတ်ခိုင်းပြီး ဝန်ထမ်းစည်းကမ်း တွေ ထပ်တိုးတယ် ပြီးတော့ ထမင်းစားနားတယ် နေထက်မြတ်ကတော့ အံဩ တော်တော်ကို လုပ်နိုင်တဲ့ ဂုဏ်ရည်လွှမ်းလို့ မှတ်ချက်ပြုတယ်

ထမင်းစားစားပြီးတာနဲ့ တစ်ဌာနချင်းကို လိုက်စစ်တယ် ပြောတယ် ဆိုတယ် အများဆုံး အပြောခံရတာ Store ပြီးတော့ Sales Marketing

အလုပ်သမား တွေ ခေါ်ပြီး ကုမ္ပဏီကို နိုင်ငံခြား ပုံစံအကန့်တွေ မှန်တွေ နဲ့ကာတယ် CCTV တွေ အကုန်တပ်ခိုင်းတယ် တစ်ရက်အတွင်း ကုန်မ္ပဏီကို Delivery ချောပို့ ရောက်လာတော့ ဂုဏ်ရည်လွှမ်းမှာထားတာဆိုလို့ကြည့်လိုက်တာ Tablet တွေ Portable Printer တွေ Tablet မှာ Mobile tracker တပ်တယ် အရောင်းသမားတွေကို tablet တစ်လုံးစီပေးပြီး Digital Voucher Tablet နဲ့ Print ထုတ်ရအောင် အကုန်ဆင်တယ် Tablet တွေကို ဂုဏ်ရည်လွှမ်းရဲ့ ကိုယ်ပိုင် Software နဲ့ run တယ် main server နဲ့ ချိတ်တယ်

မာနကျိန်စာ (Completed)حيث تعيش القصص. اكتشف الآن