Episode-51 Warning ⚠️ 18+

1.9K 29 1
                                    

Unicode

"ချစ် မောင်ဒီမှာ " ပြောကာ ဂုဏ်နေလင်း တံခါးဖွင့်ပေးလိုက်ပြီးတက်စေလိုက်တယ်

"ရောက်တာကြာပြီလား ချိန်းထားတာ ကိုးနာရီဆိုတော့ "

"နောက်မကျပါဘူး မောင်ကစောနေတာ ချစ် ချစ်ဒီနေ့ အရမ်းချောနေတယ် နတ်သားလေးကြနေတာဘဲ "

"ဟုတ်လို့လား "

"အင်း အရင်က လုပ်ငန်းရှင်ဆိုတော့ အမြင်တစ်မျိုးလေ အခုက free style Idol ပုံစံ မောင် Instagram မှာ စတွေ့ကတည်းက ပထမက ထင်တာ Idol နောက်မှ မဟုတ်ဘူးဆိုတာ သိရတယ် မောင်ကလေ ချစ် ဖန်ပေ့ဂ်ျတွေထဲမှာ member တောင်ဝင်ထားတယ် "

"ဟုတ်လား ဒီလိုဆိုရင် ဆုချရမှာပေါ့ လာပါဦး " ဆိုကာ ဂုဏ်နေလင်း ခေါင်းကို ဆွဲယူကာ နှုတ်ခမ်းကို နမ်းလိုက်တယ်

ဂုဏ်နေလင်း ကြောင်ရင်း အံဩသွားကာ

"မောင်အခု ချစ်နမ်းတာ ခံလိုက်ရတာလား ထင်တောင်မထင်မိဘူး အနမ်းခံရမယ်လို့ အိမ်မက်ဆိုရင်တောင် မနိုးထချင်ဘူး "

"အိမ်မက်မဟုတ်ဘူး တစ်ကယ် သက်သေပြမယ်လာ"ဆိုကာ ထပ်မံခေါင်းကို ဆွဲယူပြီး ရိုးရိုး အနမ်းမဟုတ်တော့ဘဲ ချစ်သူတွေနမ်းတဲ့ အဆင့်အမြင့်အနမ်းဖြစ်နေတော့တယ် ဂုဏ်နေလင်းလဲ ရတဲ့ အခွင့်အရေးကို လက်မလွှတ်တော့ဘဲ သူပြန်ဦးဆောင်ကာ အနမ်း လှေကြီးကို လှော်ခပ်နေလိုက်တော့တယ် ခဏကြာတော့ ရပ်လိုက်ကြပြီး နှစ်ယောက်လုံး အသက်ဝအောက်ရှူကာ ပြုံးပျော်ပြီး ဘုရားကို သွားကြတော့တယ်

Kaito တစ်ယောက် ကားပေါ်ရောက်တော့ သူ့ကို စကားပြောနေတဲ့ ဂုဏ်နေလင်းကို ကြည့်နေမိတယ် သူ့အတွေးထဲမှာ ဂုဏ်နေလင်းဟာ အရမ်းချောပြီး ချစ်ဖို့ကောင်းတဲ့ ယောင်္ကျားပီသတဲ့ သူတစ်ယောက် ပါးစပ် နှုတ်ခမ်း မျက်လုံး မျက်ခုံး နှာခေါင်းတို့ဟာ မိမိကို စွဲညှို့နေသလို အရာရာ ပြီးပြည့်စုံတဲ့ သူလို့ မှတ်ချက်ချမိတယ် သူ့ကို အမြဲပိုင်ဆိုင်ချင်တဲ့စိတ်တွေဖြစ်နေမိရင်း  သူပြောတဲ့ အခု လှုပ်သွားတဲ့ သူ့နှုတ်ခမ်း ပါးပါးလေးတွေကို စိတ်ထဲမှာ နမ်းချင်စိတ်တွေဖြစ်ပေါ်နေတော့တယ် ဒါ့ကြောင့် အသာအယာ နမ်းပေးလိုက်မိတယ် ပြီးတော့ တစ်ခဏတာ အနမ်းဖြစ်ပေမယ့် ထပ်နမ်းချင်စိတ်က တစ်ဖွားဖွားဖြစ်နေတော့ စောနကထက် ပိုရမတ်ဆန်တဲ့ အနမ်းနဲ့ ထပ်နမ်းပြီး စာလောင်မှု့ကို ဖြည့်သိပ်မိတယ် အနမ်းတွေဟာ မလွှတ်ချင်ရလောက်အောင် စွဲဆောင်နေတယ် သို့ပေမယ့် နှစ်ယောက်လုံး မောလာတာမို့ရပ်လိုက်ပြီး ဘုရားကိုသာ ကား မောင်းတော့တယ် ဂုဏ်နေလင်းရဲ့ နှုတ်ခမ်းသားတွေကို သူစွဲလမ်းမိသွားပြီဖြစ်တယ်ဆိုတာ သူလက်ခံလိုက်ရတယ်...

မာနကျိန်စာ (Completed)Where stories live. Discover now