Episode-3

2.2K 77 0
                                    

Unicode

မုန့်ဈေးတန်းနဲ့ ကျောင်းဆောင်နဲ့က အတော်အသင့်လှန်းတယ် ပြောရရင်ဝေးတယ်ပေါ့ မုန့်ဈေးတန်းကပြန်လာတော့ overtin လေးသောက်ဖို့ ဖောက်ခါနီး နေလေးရဲ့ ဘူးကို သူ့ထက်အတန်းကြီးသည့် ကောင်လေးအုပ်စု ၄ယောက်လောက်က လုလိုက်တော့ ဂုဏ်လေးက မျက်လုံးကျုံ့ကြည့်မိတယ် နေလေးကတော့ အံ့ဩတဲ့အမူအရာနဲ့ ကြောင်ပြီးကြည့်လိုက်မိတာပေါ့ ကျောင်းသားလေးယောက်ကိုကြည့်လိုက်တော့ သန့်သန့်ပြန့်ပြန့်နဲ့ ဆင်းဆင်းရဲရဲပုံမပေါက် နေလေးက မေးလိုက်တယ်

" ဘာလို့ ငါ့မုန့်ကိုလာရတာလဲ ကိုယ့်ဘာသာဝယ်စားပါလား" လို့ပြောတော့ ဂုဏ်လေးကလဲ

" မင်းတို့ပုံစံကလဲ ဆင်းရဲတဲ့ပုံလဲ မပေါက်ပါဘူး ဝယ်နိုင်စားနိုင်တဲ့ ပုံစံပါဘာလို့ နေထက်မြတ် မုန့်ကိုဝင်လုယူရတာလဲ" လို့မေးလိုက်တော့ ထိုကျောင်းသားအုပ်စုမှ မုန့်လုလိုက်တဲ့ကောင်လေးက

"မုန့်တန်းသွားရမှာ ဝေးလို့ ပျင်းလို့ အဲ့ကောင်မုန့်ကိုယူစားတာ ဘာဖြစ်လို့လဲ"

သူတို့ပုံစံက တမင်အတန်းကြီးဖြစ်တော့ အနိုင်ကျင့်သည့်ပုံစံမျိုးများဖြစ်နေတယ်...နေသဘောက မရှိလို့ဆင်းရဲရင် သူမစားရလဲ ပေးလိုက်နိုင်ပါတယ် အခုက မဟုတ် တစ်မင်အနိုင်ကျင့်တာမို့ မသနားနိုင်ပါ...

ပြောနေရင်း ဂုဏ်လေးလက်ထဲက မုန့်အအေးဘူးကိုပါ ဇက်ကနဲ ဆွဲလုလိုက်တော့ ဂုဏ်လေးက လဲ တော်တော်ဒေါသဖြစ်သွားတယ်..
ဂုဏ်လေးက " ငါ့မုန့်နဲ့ နေထက်မြတ်မုန့်ပြန်ပေး " လို့ပြောလိုက်တော့

ထိုကလေးက " လိုချင်ရင်ရအောင်ယူလေ ဟားဟားဟားဟား......" ဆိုပြီး လှည့်ထွက်သွားတယ်

ဂုဏ်လေးက " မင်းအခုလိုလုပ်တဲ့အတွက် မင်းပြန်ပေးဆပ်ရမယ် မင်းအခုပြန်ပေးပါ" လို့ပြောတော့

"မင်းကဘာလုပ်နိုင်မှာမို့လို့လဲ" တဲ့ ပြောပြီး မုန့်တွေကို ချေထောက်နဲ့ နင်းချေပြစ်ပြီးဂုဏ်လေးနဲ့ နေလေးကို ဆောင့်တွန်းပြီး တံတွေးနဲ့ထွေး လိုက်တယ် .... ကျန်တဲ့ သုံးယောက်ကလဲ တစ်ဟားဟားနဲ့ ရယ်ပြီး လှောင်နေတော့တာပေါ့....

မာနကျိန်စာ (Completed)حيث تعيش القصص. اكتشف الآن