Episode-9

1.3K 53 3
                                    

Unicode

နေထက်မြတ် အပြေးအလွှား ထွက်သွားရာ ဂုဏ်လေးဆီသို့သာ......

အိမ်ရောက်တော့ ဒေါ်မာလာကိုတွေ့တော့ "မေ့မာလာ မေ့မာလာ "

"အေးသားနေပြော"

"ဟို ဂုဏ်ရည်လွှမ်း ရှိလားမေ့မာလာ"

"ဪသားဂုဏ်လား မရှိဘူးကွဲ့ သူ့ဖေနဲ့ ဘုရားသွားမယ်ဆိုပြီး တူတူ ထွက်သွားလေရဲ့ ဒါ‌နဲ့ သားနေ ဒီတစ်ပတ်လုံးပြောက်နေတာနော် ဘာလို့အိမ်မလာတာလဲ ဒါမှမဟုတ် သားဂုဏ်နဲ့ ဟိုတစ်ပါတ်က ကိစ္စကြောင့်လား အဆင်မပြေကြသေးဘူးလား သားနေ"

"ဟုတ် အဲ့ကိစ္စကြောင့် သူ့ဆီလာတာ မေ့မာလာ ပြန်လာတော့မလားဟင်"

"အင်းပြန်ချိန်တန်နေပြီသားနေရဲ့ နှစ်နာရီလောက်ရှိနေပြီ သွားတာ သူ့အဖေလဲအားတော့ ဘုရားသွားရင်း သူ့သားအတွက် ဝယ်စရာရှိတာလေးတွေ ဝယ်ပေးမယ်နဲ့တူပါတယ် သားရယ်..."

"ဒီလိုဆို သား ထိုင်စောင့်လိုက်တော့မယ်... မေ့မာလာ ဘာလုပ်နေတာလဲအခု.."

"ဪသား ဟင်းချက်မလို့သားရဲ့ ပုစွန်ဆီပြန် နဲ့ ငါးအသားပြားကြော်လေ သား ... သားပါ မပြန်နဲ့ တစ်ခါတည်းစားသွား မေ့တို့နဲ့ တူတူ ဟုတ်ပြီလား"

"အာ အားနာစရာကြီး ဟုတ်ကဲ့ စားသွားမယ် ဟိဟိ..."

"ဘာမှကြွေးစရာမလိုဘူး မေမေ ကိုယ့်ဘာသာကိုယ်စားမယ် လိမ်တဲ့ကောင် သူများချောက်ချတဲ့ကောင်ကို ကြွေးစရာကိုမလိုတာ..." ဂုဏ်လေး အိမ်ထဲဝင်လာရင်းပြောလိုက်တော့

"ဂုဏ်လေးကလဲ စိတ်စိုးပြေတော့တော့ ငါမှားသွားပါတယ် မင်းစေတနာကို ငါစော်ကားမိပါတယ် ငါမင်းကို ချောက်တွန်းမိသွားတယ် မင်းစကားငါနားထောင်ပါ့မယ်နော် နောက်ဆို ငါလေ မင်းမခေါ်မပြော နဲ့နေရင် အရမ်းဝမ်းနည်းတယ်ကွ ငါ့ကိုမခေါ်ဘဲနဲ့ မနေပါနဲ့နော် ငါအမှားအတွက်တောင်းပန်ပါတယ်နော်"

"ကိုယ့်အမှားတော့ကိုယ်သိသားဘဲ ငါကမင်းဘယ်အချိန် အသိရမလဲ ရမလဲနဲ့စောင့်နေတာ ငါကလေ မင်းဒီလိုမျိုး ငါ့အပေါ်လုပ်သလို သူများအပေါ်မှာ မဖြစ်စေချင်ဘူး မှားတဲ့အမှားကလဲ ငါနဲ့သာ နောက်ဆုံးဖြစ်စေချင်တယ် အခြားသူအပေါ် အလားတူ မမှားစေချင်ဘူး ငါကမင်းအတွက် မင်းကောင်းဖို့အတွက် ငါပြောပြတာ နောက်တစ်ခု ငါလိမ်တာ ကွယ်ဝှက်ထားတာ ငါမလုပ်ဘူးဆိုတဲ့အရာကို လုပ်ရင် ငါမကြိုက်တာ မင်းသိနေရဲ့ ရှေ့ဇွတ်တိုးတာကိုး သိနေရဲ့နဲ့ လုပ်လို့ကို စိတ်ဆိုးတာ ဒီတစ်ခါတော့ နောက်ဆုံးဖြစ်ပါစေ အလားတူအမှားမျိုး မဖြစ်အောင်ပေါ့ တစ်ခုခု လုပ်ရင် တစ်ခုခုတော့ ပြန်ပေးဆပ်ရရစမြဲမို့ မင်းဘဝမှာ ပေးဆပ်မှုကြီးကြီးမားမား မရောက်လာအောင် ထိန်းထိန်းသိမ်းသိမ်း နေထိုင်ပေါ့ ခုစိတ်မစိုးတော့ဘူး ဟုတ်ပြီလား အမှားကို သိသွားပြီဆိုတော့ ငါဝမ်းသာပါတယ်.."

မာနကျိန်စာ (Completed)Where stories live. Discover now