Episode-40

1K 36 3
                                    

Unicode

ရှင်းပြပြီးတော့ စားသောက်ဆိုင်တစ်ခုမှာ ထမင်းစားတော့ လေးယောက်သား ထိုင်လိုက်ကြတယ်

Kaito Bodyguard တွေကို သက်သက် ထိုင်ခိုင်းလိုက်တော့ ဦးနေထက်မြတ် ကြည့်တော့ Bodyguard က ဆယ်ယောက်တောင် မျက်လုံးပင့်မိသွားတယ် Fuji သွားဖို့လုပ်တော့ မြန်မာအစားစာကြိုက်တာမို့ မြန်မာစာဘဲ ကျွေးဖို့ ပြောလိုက်တာမို့ ဓနုဖြူဒေါ်စောရီ ဆိုင်ကို လာခဲ့လိုက်တော့တယ်

Bodyguard တွေလဲ သူတို့ဘာသာ မှာစားပြီး Kaito ကျတော့ ဂုဏ်နေမင်းက မှာပေးတယ် Kaito ကြည့်ပြီး ပြုံးပြလိုက်တယ်

"Kaito အယ် ဖြိုး ကိုယ်မှာလိုက်မယ် မြန်မာအစားစာတွေ ကို "

"အင်းမှာလေရပါတယ် အကုန်စားတယ်"

"အိုကေ "ဆိုပြီး စားပွဲထိုးလေးကို ခေါ်ပြီးလေးယောက်စာမှာလိုက်တယ်

အစားတွေလာမချခင် စကားတွေပြောကြတယ်

"သားဖြိုး သားအဖေက ဂျပန်လူမျိုးဘဲလား "

"မဟုတ်ဘူး မြန်မာလူမျိုး ဂျပန်မှာနေတာ"

"ဦးတို့အကြောင်းကို သိလား သေချာ"

"ဟင့်အင်း မသိဘူး သေချာ"

"အင်းဦးမှဇနီးမရှိဘူးဦးမှာ ခင်ပွန်းဘဲရှိတယ် ကလေးနှစ်ယောက်က အမွှာတွေလေ ဦးတို့ နှစ်ဦးကနေဖြစ်လာတာ မအေတူ ဖအေကွဲ အမွှာညီကိုတွေပေါ့ "

"ဟုတ်စိတ်ဝင်စားဖို့ကောင်းတယ်"

"ဟားဟားဟားဟား ပွင့်ပွင့်လင်းလင်း ပြောတက်သားဘဲ ဦးဆက်ပြောမယ်"

"ဟုတ်"

"ကလေးတွေမွေးမွေးပြီးချင်း သုံးရက်မြောက် ရန်ကုန်ပြန်လာတာမှာ ဦးနဲ့ ဦးအမျိုးသား ဝေးကွာခဲ့ရတာ နှစ်ယောက်သားအရမ်းချစ်ကြတယ် သူကမာနအရမ်းကြီးတယ် ဟင်ဆိုလှည့်မကြည့်တက်တဲ့သူ အားလုံးက ဦးအမှားပါ ဦးသူမသိအောင် စီစဉ်ပြီးမှ ဖွင့်ပြောခဲ့တယ် သူနဲ့ တည်ထားတဲ့ ကတိစကားကို ဖောက်ဖျက်ခဲ့မိတယ် တူတူဘဲ ဦးမိဘတွေလဲ ပေးထားတဲ့ ကတိတွေကို ဖောက်ဖျက်မိသွားပြီး စိတ်ဆိုးပြီး အားလုံးနဲ့ အဆက်ဖျက်သွားတာ သားကြီးလေးက သူနဲ့ တူတယ်လေ ထွက်သွားတုံးက သားနှစ်ယောက်ကို တစ်ခါဘဲ ဦးပြောလို့ကြည့်ပြီး နောက်လှည့်မကြည့်တော့ဘူး ပြတ်သားချက်က အရမ်းပြင်းထန်တယ်"

မာနကျိန်စာ (Completed)Where stories live. Discover now