Episode-54

673 23 0
                                    

Unicode

"သူတို့မပြောပြတာလဲသူများအမြင်မှာ တစ်မျိုးထင်နေမှာစိုးလို့နေလိမ့်မယ် ဒါကြီးက ထူးဆန်းနေတာကိုး အဟင်း ... လူတွေ Knowledge ကမကြွယ်သေးဘူးလေ သူတို့တောင် ခောတ်ပညာတက်တွေမို့ နားလည် လက်ခံနိုင်တာ အသိအမြင်လဲ ရှိနေကြတာကိုး ဦးနေထက်မြတ်က အစစအရာရာ အကုန်ပြောပြထားတယ် သင်ပေးထားတယ် ဒါ့ကြောင့် မစိမ်းကြတာ အကို့ဖေလိုပေါ့ မချွင်းမချန် အကုန်ပြောပြထားတာ အကို့ကို အကိုလဲ အမြင်ပိုကျယ်တာပေါ့ လက်လဲလက်ခံနိုင်တယ်လေ ဘယ်သူဘာပြောပြော"

"ဟုတ် တူတူဘဲ ညီမလဲ ကိုဖြိုးလိုဘဲ ဘယ်သူဝေဖန်ဝေဖန် လျစ်လျှူကို ရှုထားတာ ဟီးဟီး"

"အင်း လက်ဦးဆရာက မိဘတွေဆိုတာ အမှန်ဘဲလေ မိဘတွေ သွန်သင်တာ ကောင်းလို့ သားဆိုးသမီးဆိုး မဖြစ်ကြဘူး သားသမီးဆိုတာ ငယ်ငယ်ကတည်းက နည်းမှန်လမ်းမှန် ပျိုးထောင်ခဲ့ရင် ကြီးလာတဲ့အခါ ပူစရာမလိုတော့ဘူး ပေါ့"

"ဟုတ် ကိုဖြိုး ဟော ဟိုမှာ ညီကိုတွေ ပြန်လာကြပြီ"

"အင်းညီမ"

"ချစ် ရော့ ရေ သောက်လိုက် ရော့ ပြီးကာမှ Royal D သောက်လိုက် ချွေးထွက်လွန်နေရင် အားနည်းလိမ့်မယ်"

"ကျေးဇူးမောင် "

"ရတယ်ချစ်"

"ဝင့်လွှာ ကိုယ့်ကောင်မလေး အတွက် ရော့ ရေ Royal D ရော့ ပြီးတော့ Wet Tissue ကိုလင်း ကိုဖြိုးကို tissue ပေးလိုက်ဦးလေ ဪ တကယ်တည်း ပြောနေရတယ် "

"အေးပါ ကွား မပေးတာက ငါကိုယ်တိုင် သုပ်ပေးမလိုကွ ညီမင်းကလဲ"

"ဪ သိမှ မသိဘဲကို ကိုယ့်ရဲ့ ဝင့်လွှာလေး ကိုက အားကျမခဲ ကိုယ်လဲ သုတ်ပေးမယ်သိလား ချွေးတွေကို "

"ရပါတယ် ကိုယ့်ဘာသာ သုတ်လိုက်မယ် လူတွေနဲ့ "

"လူလူကွာ လာထား" ဆိုကာ ဂုဏ်နေ‌မင်း သုပ်ပေးလိုက်တယ် ဝင့်လွှာကို

"ချစ် မောင်သုတ်ပေးမယ် "

"အင်း သုတ်လေ " သုတ်ပေးပြီးတော့ ခဏထိုင် အပန်းဖြေပြီးကာ ပြောကြထားတဲ့ နေရာတွေ အသီးသီးကို လိုက်ပို့တော့တယ် ဂုဏ်ရည်ဖြိုးကတော့ ဓာတ်ပုံရိုက်ဖို့မမေ့ ရိုက်လိုက်တာမှအများကြီးဘဲ

မာနကျိန်စာ (Completed)Tempat cerita menjadi hidup. Temukan sekarang