Episode-66

650 21 0
                                    

Unicode

အပန်းဖြေပြီးလို့ပြန်လာတော့ ကလေးတွေက စာမေးပွဲ ဖြေကြရပြီလေ

နေထက်မြတ်တို့ နှစ်ယောက်သား ခရီးပြန်လက်ဆောင်တွေကို အိမ်သားတွေကို ဝေငပေးနေလိုက်တယ် မုန့်တွေ အမှတ်တရပစ္စည်းတွေကိုပေါ့

"မေမေရော့ ပုသိမ်ဟာလဝါ နဲ့ မလိုင်လုံးတွေ အော် ဂျင်းသုပ်ဘူးတွေရော အိမ်မှာ သုပ်စားလို့ရတာပေါ့ ဒီမှာ ပဲချောင်းတွေ အစာပြေစားရအောင် ရေနွေးချမ်းနဲ့ စားရအောင် ဒါက ငွေဆောင်ပြန် အင်္ကျီတွေ တစ်ယောက် နှစ်ထည်စီယူကြ ကလေး‌တွေကော မေမေတို့ကော " နေထက်မြတ် ခွဲခြမ်းစိတ်ဖြာပေးနေလိုက်တယ်

"သားကြီးတို့ မနက်ဖန် စာမေးပွဲ မှတ်လား "

"ဟုတ်ဖေဖေ မနက်ဖန် စမှာ ဖေဖေ"

"အင်း ရပြီလားစာတွေ E Major ဆိုတော့ သားတို့အတွက် အဆင်ပြေမှာပါ ဟုတ်တယ်မှတ်လား "

"ဟုတ်ဖေဖေ "

"အင်း ဖေဖေ မှာချင်တာက အရမ်းအပင်ပန်းမခံနဲ့ စာမေးပွဲကို pressure မထားနဲ့ စာမေးပွဲက သားတို့ သမီးတို့ဘဝကို အဆုံးအဖြတ်ပေးမှာမဟုတ်ဘူး ကြားလား ဘဝ အခြေမြင့်စေဖို့ တစ်ထောက်တစ်နေရာကနေ ပံ့ပိုးတာ အမှန်တကယ်က သားတို့ သမီးတို့ ကြိုးစားခြင်းက သားတို့ဘဝရဲ့အဆုံးအဖြတ်ဘဲ စာမေးပွဲကို စာမေးပွဲလို လေးလေးပင်ပင် မဖြေနဲ့ စာတွေမေ့တက်တယ်သားတို့ရဲ့ အေးအေးဘဲ ရထားတဲ့ စာတွေကို စာရွက်ပေါ်မှာ ချရေးတယ်လို့ သဘောထားလိုက်သိလား "

"ဟုတ်ဖေဖေ "

"သားဖြိုး မနက်ဖန် ဘာလုပ်စရာရှိလဲ သား"

"ဘာမှ လုပ်စရာတော့မရှိဘူးဖေ့ ဘာလို့လဲ "

"နေထက်မြတ်ကို ဝိုင်းကူလိုက် သားတွေက စာဖြေကြရမှာ မှတ်လား သားအဖိုးတို့ က အသက်ကြီးပြီ သားဘဲ ကူပေးလိုက် ကြားလား "

"ဟုတ်ဖေ "

"အင်း နေထက်မြတ် မနက်ဖန် သားဖြိုးက မင်းနဲ့ ကုမ္ပဏီလိုက်လိမ့်မယ်ခေါ်သွားချည် သူကူပေးလိမ့်မယ် သားဖြိုး မနက်ဖန် ကုမ္ပဏီမှာ အချိုးမပြေတာတွေ တွေ့ရင် တစ်ခါတည်းပြင်လာခဲ့ ထုတ်သင့်တာ ထုတ် ဖြုတ်သင့်တာဖြုတ် " ဂုဏ်ရည်လွှမ်းပြောလိုက်တော့ အားလုံးက မျက်လုံးအပြူးသား

မာနကျိန်စာ (Completed)Where stories live. Discover now