Episode-55

709 26 0
                                    

Unicode

Kaito သူအဖေကို ဖုန်းဆက်တော့ ဆက်မရ စက်ပိတ်ထားတယ်ဘဲပြောနေတာ  ဒါ့ကြောင့် ဦးလေးဖြစ်သူ Hisushi ဆီဆက်ရတော့တယ်

"ဟယ်လို့ ဦးလေ Hisushi ဖေ့ အခြေအနေ ဘယ်လိုရှိလဲ "

📞အေးသား Kaito သားဖေ က အခု လက်ထိသွားတယ် သားရဲ့ နည်းလားများလားမသိသေးဘူး ဦးတို့လဲ အပြင်မှာ စောင့်နေတုံး မသိရသေးဘူး

"ဘယ်လိုဖြစ်ရတာလဲ ဦးရဲ့"

📞လမ်းဖြတ်ကူးလာတဲ့ ကလေးကို ရှောင်လိုက်တာ ကားက ဘေးက အဆောက်အဦးကို ဝင်တိုက်လိုက်တာ လေအိတ်ပွင့်သွားတယ် အဲ့ကလေးရဲ့မိဘတွေကဘဲ ဆေးရုံကိုပို့ပေးတာ အခြေအနေကတော့ မသိရသေးဘူး ကားကတော့ ကားသင်္ချိုင်းပို့လိုက်ပြီ ရစရာကိုမရှိလို့

"ဗျာ ကားတောင်ရစရာမရှိဘူးဆိုတော့ တောက် Bodyguardတွေကဘာလုပ်နေကြလဲမသိဘူး ပိုက်ဆံပေးထားပြီးသုံးစားမရကြဘူး"

📞သားရဲ့ သားအဖေက တစ်ယောက်တည်းသွားတာ ခေါင်းမာတာသိရဲ့နဲ့ သား kaito ရ သူ့လူတွေကို အကုန် ဆိုင်ခွဲတွေမှာ သွားကြီးကြပ်ခိုင်းထားတာ အနားမှာ တစ်ယောက်မှတောင်မထားဘူး သားညီမလေး နဲ့ သားအဒေါ်  သူတို့လဲ လိုက်လာမယ်တစ်ကဲကဲ စက်ရုံက လွှတ်လို့မရ သားညီမကလဲ ငယ်သေးတော့ မလိုက်လာခိုင်းတာ ကျောင်းပို့ရသေးတယ် သားညီမကို သားမနက်ဖန်ပြန်လာမယ်ဟုတ်လား "

"ဒီနေ့ည လာလို့ရရင်လာခဲ့မယ် ဦး Hisushi ဆက်သွယ်ကြည့်ရဦးမယ် အချိန်က ၁၂ နာရီတောင်ကြာမှာ သားမစောင့်နိုင်တော့ဘူး "

📞အေးသား ဖြည်းဖြည်း လာ သားဖေ အဆင်ပြေမှ ပါသား

"ဟုတ် အဲ့တာဆို ဒါ‌ပဲလေ စီစဉ်ကြည့်ရဦးမယ်"

အခြားတစ်ဖက်တွင်

"သားနေ သားဂုဏ်လေးဘာဖြစ်တာလဲ "ဒေါ်မာလာမေးတော့

"Accident ဖြစ်တာလို့ပြောတယ် မေ့မာလာ အကြောင်းအရင်းကတော့ သားကြီးမေးရမှာ သားကြီး ဘယ်လိုလဲဘာဖြစ်တာတဲ့လဲ"

"Kaito လဲ သေချာ မသိသေးဘူး အဖေရဲ့ သိမှ ပြန်ဆက်မယ်နဲ့တူတယ် သားတို့ သုံးယောက်လိုက်သွားလိုက်မယ် အာဖုန်းလာနေတယ် Kaito ဆီက ခဏနော်" ပြောကာ ဖုန်းကိုင်လိုက်တော့ လူကြီးတွေကော ဂုဏ်နေမင်းပါ စိတ်ဝင်တစား နားစွင့်နေကြတယ်

မာနကျိန်စာ (Completed)Où les histoires vivent. Découvrez maintenant