ကျွန်တော်သူနဲ့စတွေ့ခဲ့တာကနှင်းဖြူဖြူတွေဝေဆာစွာတဖွဲဖွဲကျနေခဲ့တဲ့
Uniပထမနှစ်မှာ။အဲ့တုန်းကအသစ်စက်စက်သူငယ်ချင်းလေးသူကအရမ်းဖြူစင်ပြီးကျွန်တော့်အပေါ်အရမ်းကောင်းပေးခဲ့တယ်။
သူ့ရဲ့နွေးထွေးတဲ့ကြင်နာမှုလေးကသူငယ်ချင်းအဆင့်ထက်ပိုနေတာကိုကြာလာတော့ကျွန်တော်ရိပ်မိလာခဲ့တယ်။
သူကအရမ်းနူးညံ့ဖြူစင်လွန်းတဲ့ယုန်ပေါက်လေးမို့လို့ကျွန်တော့်ကိုဖွင့်ပြောရမှာကိုရှက်နေခဲ့တော့ကျွန်တော်ကပဲ
အရင်ဦးအောင်သူ့ကိုဖွင့်ပြောဖြစ်ခဲ့တယ်။ကျွန်တော်ဖွင့်ပြောတုန်းကဖြစ်သွားတဲ့သူ့မျက်နှာလေးကိုအခုထိမေ့လို့မရသေးဘူး။
နူးညံ့ဖြူစင်လွန်းတဲ့မျက်နှာလေးကရှက်သွေးတွေဖြာနေခဲ့ပြီးမျက်ရည်ကြည်လေးတွေတောင်ဝဲနေခဲ့တာအရမ်းလှပပြီးချစ်ဖို့ကောင်းလွန်းလို့ကျွန်တော်ဘယ်လိုလုပ်မေ့လို့ရပါ့မလဲဗျာ။
ငယ်ရွယ်ချောမောတဲ့ကျွန်တော်နဲ့ယုန်ဖြူလေးလိုသူကအရမ်းလိုက်ဖက်တဲ့စုံတွဲလေးဖြစ်ခဲ့တာ။
ဒုတိယနှစ်ရောက်တဲ့အထိသူနဲ့ကျွန်တော့်တွဲလက်ကခိုင်မြဲနေခဲ့တယ်။
ဒါပေမဲ့ဒုတိယနှစ်အလယ်လောက်မှာ....
သူ့ရဲ့ဖြူစင်မှုတွေကနေဆိုးရွားလွန်းတဲ့
ရက်စက်မှုကြီးကိုကျွန်တော်မျက်မြင်ကိုယ်တွေ့မြင်လိုက်ရလိုက်တယ်။ကျွန်တော်အဲ့နေ့တုန်းကစာသင်ခန်းထဲမှာပျင်းရိရိနဲ့ထိုင်နေခဲ့တာ။ဘာသာပြဆရာမကနေမကောင်းလို့အချိန်ကလွတ်နေခဲ့ပြီးအစားထိုးဝင်သင်မည့်ဆရာလည်းမရှိတာမို့အားလပ်ချိန်တစ်ခုဖြစ်နေတယ်။
မိုးမှောင်ကျနေပြီးပတ်ဝန်းကျင်ကလည်းခြောက်ကပ်တိတ်ဆိတ်မှုကကြီးဆိုးနေလေတယ်။
သူကကျွန်တော့်ခုံဘေးမှာအေးချမ်းစွာ
မှောက်အိပ်နေပြီးသူ့ရဲ့ဖြူစင်ပြီးအပြစ်ကင်းစင်ကာချစ်ဖို့ကောင်းလွန်းတဲ့မျက်နှာနုနုလေးကိုကျွန်တော်တစိမ့်စိမ့်ကြည့်နေတုန်းမှာပဲ
YOU ARE READING
𝑻𝒐 𝑻𝒉𝒆 𝑫𝒂𝒓𝒌𝒔𝒊𝒅𝒆(𝒄𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)
HorrorCredit to the photo Both unicode and zawgyi version Main Gener-Psychological Horror,Bl {OwnCreation}