"ခဏနေပါအုံး"
အေးစက်နေတဲ့သူ့ရဲ့လက်ဖဝါးတစ်ဖက်ကိုသတိလက်လွတ်စွာလှမ်းဆွဲလိုက်ပြန်တော့လည်းပြန်လည်လှည့်ကြည့်လာခဲ့တဲ့မျက်ဝန်းတွေကမှင်သေသေပါပဲ။
နှုတ်ခမ်းလွှာကပွင့်တယ်ဆိုရုံလေးထိကပ်နေရာမှအနည်းငယ်ပွင့်ဟသွားကာ
"ဘာလဲ"
ထယ်ဆူအဲ့တော့မှရှက်ကိုးရှက်ကန်းနဲ့ခေါင်းကုတ်ကာ
"ဟိုလေ၊မင်းကရောပထမနှစ်ပဲလားဟင်"
ကောင်လေးကမှင်သေသေလေးပြုံးလာပြီးထယ်ဆူ့ကိုစိုက်ကြည့်ကာ
"အင်း"လို့ပြောသည်။"ဟုတ်လား၊ဟီးဟီးငါလည်းပထမနှစ်ပဲငါတို့အတူတူသွားကြမလား"
ကောင်လေးကထယ်ဆူ့စကားအဆုံးမှာသူ့လက်ကိုအခုထိလွှတ်မပေးသေးပဲကိုင်ထားတဲ့ထယ်ဆူ့ရဲ့လက်တွေကိုစိုက်ကြည့်လာတာမို့ထယ်ဆူအမြန်ပဲလက်တွေကိုပြန်ရုတ်လိုက်သည်။
ထယ်ဆူကတဟဲဟဲရယ်ပြကာ
"မင်းလက်တွေတအားအေးနေတယ်၊လက်အိတ်ဝတ်သင့်တယ်ထင်တယ်"
"ငါကချွန်းဂျာယောင်းပါ"
"ဟင်"
သူ့နာမည်သူပြန်ပြောပြီးရှက်သွေးဖြန်းနေတဲ့ကောင်လေးကိုထယ်ဆူအံ့သြသလိုလေးကြည့်နေမိသည်။
"မင်းသိချင်မလားလို့လေ"
ကောင်လေးကမာဖလာလေးကိုနှာခေါင်းအရင်းနားလေးအထိလက်လေးနဲ့အသာပင့်တင်ကာမျက်လွှာလေးချပြီးပြောသည်။
ထယ်ဆူထိုမြင်ကွင်းလေးကိုမျက်တောင်မခတ်တမ်းကြည့်နေရင်းမှ
"ဂျာယောင်း... "
"ဟင်"
"ကိုယ့်နာမည်ကဂျောင်ထယ်ဆူပါ"
"အင်း"
"ကိုယ်တို့အခုကစပြီးသူငယ်ချင်းတွေဖြစ်သွားပြီနော်"
"သူငယ်ချင်း?"
"အင်းလေ၊ဘာလဲမင်းကကိုယ်နဲ့သူငယ်ချင်းမဖြစ်ချင်ဘူးလားဟင်"
"မဟုတ်ပါဘူး၊အဲ့လိုမျိုးမဟုတ်ဘူး"
"ဆိုတော့ကကိုယ်တို့တွေသူငယ်ချင်းဖြစ်သွားကြပြီနော်..ဟီးး"
YOU ARE READING
𝑻𝒐 𝑻𝒉𝒆 𝑫𝒂𝒓𝒌𝒔𝒊𝒅𝒆(𝒄𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)
HorrorCredit to the photo Both unicode and zawgyi version Main Gener-Psychological Horror,Bl {OwnCreation}