Chapter-12

102 11 0
                                    

24.5.2016ခုနှစ်

စိတ်ကျဥ်းကြပ်ဖို့ကောင်းတဲ့အခန်းငယ်ထဲမှာတရားခံဆိုတဲ့ကောင်လေးဟာပကတိအပြစ်ကင်းစင်စွာပြုံးပြုံးလေးထိုင်နေလေတယ်။

သူ့အရှေ့ကလူသားကတော့နှုတ်ခမ်းကိုစေ့စေ့ပိတ်ထားပြီးအပြုံးနဲ့တူတာဘာမှရှာမရ။အော်ဘယ်အမှုစစ်ကရောတရားခံကိုပြုံးပြမှာလဲလေ။

"ကျောင်းသားအွန်စစ်ကိုဘာလို့သတ်ခဲ့တာလဲ"

အမှုစစ်ယွန်းဟာသူ့ကိုတည့်တည့်ကြည့်ကာပြင်းထန်သည်လည်းမဟုတ်ညင်သာသည်လည်းမဆိုသာတဲ့အသံနဲ့မေးလာလေသည်။

သူခပ်ဟဟရယ်မိလိုက်သည်။

"မင်းသိပြီးပြီမဟုတ်လား?။ငါပြောခဲ့တယ်လေ"

"မင်းကိုရယ်ခိုင်းနေတာမဟုတ်ဘူး!မင်းပါးစပ်ကထွက်မယ့်အဖြေကိုလိုချင်တာ"

'ငါအရမ်းဝမ်းနည်းတယ်ထယ်ဆူရာ။'

အမှုစစ်ယွန်းဟာသူအော်လိုက်တော့တရားခံကောင်လေးရဲ့မျက်နှာညိုးကျသွားတာကိုသတိထားမိလိုက်တာမို့လေသံကိုလျှော့ချလိုက်ပြီး

"သေချာဖြေပေးပါချွန်းဂျာယောင်း"

ဂျာယောင်းဟာခေါင်းလေးတွင်တွင်ငြိမ့်ပြကာ

"အင်းအင်းငါပြောပါ့မယ်"

ကောင်လေးကိုသူကြည့်ပြီးသူ့ရင်ထဲမှာအောင့်တက်လာခဲ့သည်။သူဘယ်တော့မှမခံစားချင်တော့တဲ့တစ်ချိန်ကဒဏ်ရာဟောင်းကအသစ်ပြန်လည်မွေးဖွားလာချင်နေဟန်။

'ငါနောက်ထပ်အမှားမျိုးထပ်လုပ်တော့မှာမဟုတ်လို့မင်းရဲ့မျက်နှာဖုံးကိုခွာချလိုက်ပါတော့ဂျာယောင်း။'

~~~~~~~~~~~~~~~~~~~~~~~~~~
အဖေမရှိတဲ့ဂျာယောင်းကိုရှိတဲ့အမေကပါလျစ်လျှူရှု့ထားခဲ့သည်။ဂျာယောင်းရဲ့ညီလေးသေဆုံးသွားတဲ့အချိန်ကတည်းကအမေဟာသူ့ကိုမကောင်းဆိုးဝါးတစ်ကောင်လိုထိတ်လန့်နေခဲ့လေသည်။အပြင်ကိုထုတ်မပြပေမယ့်သူသိနေတာပေါ့။ဂျာယောင်းဆိုတဲ့သူ့ကိုမွေးအမေမပြောနဲ့သူစိမ်းလူတွေကပါကျဥ်ဖယ်ကျဥ်ဖယ်လုပ်ကြသည်လေ။ဂြိုလ်ဆိုးဆိုပဲ။

အတန်းထောင့်ရဲ့နောက်ဆုံးခုံဟာ
ဂျာယောင်းရဲ့နေ့ရက်တိုင်းကိုအထီးကျန်စွာပျင်းခြောက်ခြောက်နဲ့ကုန်ဆုံးစေသည်။

𝑻𝒐 𝑻𝒉𝒆 𝑫𝒂𝒓𝒌𝒔𝒊𝒅𝒆(𝒄𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) Where stories live. Discover now