စောစောကဂျာယောင်းရဲ့ကန်ချက်မှာလဲကျသွားတဲ့လူကြောင့်ထယ်ဆူချုပ်တာခံရတဲ့လူလည်းငြိမ်ကျသွားသည်။
ထယ်ဆူ့ရဲ့မျက်နှာလေးကိုမြတ်နိုးစွာသူကြည့်နေပြီး119ကိုဖုန်းခေါ်လိုက်သည်။
"Yobosaeyo? ဟုတ်။လူနှစ်ယောက်ကမူးယစ်ရမ်းကားနေလို့ပါ"
~~~~~~~~~~~~~~~~~~~~~~~~~~
"ဂျာယောင်းနောက်တစ်ခါဘယ်တော့မှမင်းကိုတစ်ယောက်တည်းထားမသွားတော့ဘူး"ထယ်ဆူ့ရဲ့အသံကမရွှင်မပြနဲ့ခါတိုင်းနဲ့မတူဘူး။ဒါကဟိုတစ်ခါသူ့မွေးနေ့ညတုန်းကအသံနဲ့ခပ်ဆင်ဆင်ပဲ။သူသိချင်ပါရဲ့အဲ့နေ့ညကဖယောင်းတိုင်သွားဝယ်ရင်းထယ်ဆူဘာဖြစ်ခဲ့တာဘာလိမ့်လို့လေ။
"မင်းငါ့ကိုထားသွားလို့လည်းမရပါဘူးထယ်ဆူ"
ဂျာယောင်းရဲ့အသံကလေပြေလေးလိုငြင်သာနေပြီးနှစ်လိုဖွယ်အရမ်းကောင်းသည်။ဒီလိုမျိုးကြုံတွေ့ခဲ့ရတာတောင်မှဂျာယောင်းတစ်ယောက်ဘာမှမဖြစ်သလိုနေနိုင်နေသည်ကိုထယ်ဆူအနည်းငယ်တော့အံ့သြမိသား။
"မင်းတကယ်အဆင်ပြေပါတယ်နော်"
ထယ်ဆူကသေချာအောင်ဆက်ပြောသည်။ဂျာယောင်းကအပြုံးလေးနဲ့သာတုံ့ပြန်ပြီးအရှေ့ကဆိုင်ထဲကိုဝင်သွားလေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~
"မင်းသိလားထယ်ဆူတစ်စုံတစ်ယောက်ကမင်းနောက်ကိုလိုက်နေတယ်ဆိုတာ"ထမင်းမှာစားနေရင်းဂျာယောင်းရဲ့စနောက်သံရောနှောတဲ့စကားကြောင့်ထယ်ဆူ့လက်တွေကဟင်းရည်ဇွန်းကြီးကိုင်လျက်သားနဲ့ရပ်တန့်နေလေသည်။
ထယ်ဆူ့ပုံစံကိုကြည့်ပြီးဂျာယောင်းကနှုတ်ခမ်းလေးဟရုံရယ်ကာ.."ငါကစတာပါမင်းကိုဘယ်သူကနောက်ယောင်ခံလိုက်မှာတဲ့လဲမဟုတ်ဘူးလား"
"အင်း...အင်းလေကိုယ့်ဂျာယောင်းကဘာလို့အခုထူးဆန်းနေတာလဲစနောက်စကားတွေပြောလို့"
"ဒီလိုပါပဲငါပျင်းနေလို့"
သူ့နှုတ်ခမ်းထောင့်စွန်းလေးတွေကွေးတက်သွားသည်အထိပြုံးကာသူနဲ့တစ်ဝိုင်းကျော်ထယ်ဆူနောက်ခိုင်းထားတဲ့နေရာကအမျိုးသမီးတစ်ယောက်ကိုကြည့်နေမိသည်။ထိုအမျိုးသမီးကတော့သူ့ကိုသတိမထားမိစွာထယ်ဆူ့ကိုဓာတ်ပုံခိုးရိုက်နေလေသည်။
YOU ARE READING
𝑻𝒐 𝑻𝒉𝒆 𝑫𝒂𝒓𝒌𝒔𝒊𝒅𝒆(𝒄𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)
HorrorCredit to the photo Both unicode and zawgyi version Main Gener-Psychological Horror,Bl {OwnCreation}