Chapter-14

105 10 4
                                    

တစ်စက်စက်နဲ့ကျဆင်းနေတဲ့ရေတွေဟာရေချိုးခန်းငယ်ထဲမှာခြေမျက်စိလောက်ထိအိုင်ထွန်းနေလေတယ်။

အနံကျဥ်းလှတဲ့ရေချိုးခန်းလေးထဲ၌ဝယ်ဂျာယောင်းဟာဒူးနှစ်ဖက်ကိုပိုက်ထိုင်နေပြီးရေချိုးခန်းကကြွေပြားတွေကိုစိုက်ကြည့်နေလေတယ်။

ဂျာယောင်းငယ်ရဲ့အကြည့်တွေဟာအေးစက်စွာ..၊မှိုင်တွေစွာနဲ့အသိစိတ်မကပ်တဲ့လူတစ်ယောက်လို..။

"မုန်းတယ်..ငါအကုန်လုံးကိုမုန်းတယ်"

ငြိမ်သက်စွာငူငူလေးထိုင်နေတဲ့ဂျာယောင်းဟာရုတ်တရတ်ဆိုသလိုလှုပ်ရှားလာပြီးမျက်ရည်ပေါက်ကြီးငယ်ကျလာခဲ့လေသည်။

ဂျာယောင်းကသူ့ရဲလက်နှစ်ဖက်နဲ့နားတွေကိုအုပ်ကိုင်ကာရေချိုးခန်းထောင့်လေးမှာကုပ်ကုပ်လေးတိုးကပ်လို့ထိုင်နေပြီးတိုးလျသောအသံလေးနဲ့နာကျင်စွာရေရွတ်လိုက်သောစကားက..

"ဘာလို့အကုန်လုံးကငါ့ကိုထားသွားကြတာလဲ" ဟူ၍ပင်။

'ဒေါက်..ဒေါက်..ဒေါက်'(တံခါးခေါက်သံ)

"ဂျာယောင်းးမင်းအဆင်ပြေရဲ့လား?"

တံခါးချပ်ရဲ့တစ်ဖက်ဆီကအွန်စစ်အသံကြောင့်ဂျာယောင်းနားနှစ်ဖက်ကိုအုပ်ကိုင်ထားတဲ့သူ့လက်တွေကိုဖြည်းညှင်းစွာဖယ်ခွာကာအသံကြားရာတံခါးဆီကိုအလန့်တကြားနဲ့ကြည့်လာသည်။

ထို့နောက်အင်မတန်ကိုတိုးညှင်းတဲ့လေသံလေးနဲ့..

"အွန်စစ်..အွန်စစ်ကငါ့ကိုခေါ်နေတယ်။ဘယ်လိုလုပ်မလဲငါ..ငါသူ့ကိုထွက်သွားခွင့်မပြုနိုင်ဘူး။ဂျာယာ့လို..ဂျာယာ့လိုငါ့ကိုထားသွားမှာ။ဟင့်အင်း..အဲ့လိုအဖြစ်မခံနိုင်ဘူး"

"ထပ်ပြီးတော့၊အဲ့လိုမဖြစ်စေရဘူး"

ဂျာယောင်းရဲ့အသံတွေကအက်ကွဲနေပြီးအရမ်းတိုးညှင်းနေကာမျက်ဆံအိမ်တွေကကျယ်နေပြီးဂနာမငြိမ်ဖြစ်လို့နေသည်။

"ဂျာယောင်းးငါ့အသံကြားလား?မင်းအဆင်ပြေရဲ့လားလို့ရေချိုးခန်းထဲဝင်နေတာကြာနေပြီနော်"

"ကျွီ~"

တံခါးပွင့်သွားတဲ့နောက်ပေါ်လာတဲ့ပုံရိပ်လေးကမီးအလင်းရောင်သိပ်မရှိတဲ့ရေချိုးခန်းထဲမှာဝိုးတိုးဝါးတား။

𝑻𝒐 𝑻𝒉𝒆 𝑫𝒂𝒓𝒌𝒔𝒊𝒅𝒆(𝒄𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) Where stories live. Discover now