Chapter-8

137 15 4
                                    

ညကောင်းကင်ဟာကြယ်တွေနဲ့ပြည့်နှက်နေပြီးသူတို့နှစ်ဦးကဝရံတာကနေထိုကြယ်လေးတွေကိုကြည့်နေတယ်။

"ထယ်ဆူရေ"

"အင်းဂျာယောင်းလေး"

"ဘာမှမဟုတ်ဘူးဒီတိုင်းပဲခေါ်ကြည့်တာ"

"ဟာ"

ဂျာယောင်းကတခစ်ခစ်ရယ်ပါလေရော။

"ဘာတွေရယ်စရာရှိလို့လဲ"

"ပျော်လို့လေ"

"ငါအရမ်းပျော်လို့"

ဂျာယောင်းရဲ့စကားကိုထယ်ဆူနားမလည်အူကြောင်ကြောင်လေးဖြစ်နေသည်။

"အရင်နှစ်ကလည်းမင်းငါ့မွေးနေ့မှာရှိနေပေးတယ်၊အခုဒီနှစ်လည်းမင်းငါ့မွေးနေ့မှာရှိနေပေးတယ်။ငါအရမ်းပျော်တယ်ထယ်ဆူ၊မင်းကနောက်နောင်ငါ့မွေးနေ့တွေမှာလဲငါနဲ့အတူရှိနေပေးအုံးမှာဆိုတဲ့အသိကငါ့ကိုအဆုံးမရှိပျော်နေစေတယ်"

ဂျာယောင်းကကြယ်လေးတွေကိုမော့ကြည့်ကာပြောသည်။

ထယ်ဆူ့မှာတော့ရင်ထဲမှာပူသလိုလိုအေးသလိုလိုဂနာမငြိမ်ဖြစ်လာရသည်။

"ဂျာယောင်း"

ချစ်ဖို့ကောင်းတဲ့ဂျာယောင်းလေးကိုသူ့ရင်ခွင်ထဲမှာတင်းကျပ်စွာဖက်ထားလိုက်တော့အင့်ကနဲအသံလေးထွက်သွားသည်။တစ်နေရာရာများနာသွားပြီလားဟုစိုးရိမ်စိတ်ဖြင့်ဂျာယောင်းမျက်နှာလေးကိုကြည့်လိုက်တော့သူ့ကိုပြုံးပြနေလေသည်။

မျက်လုံးလေးတွေမှိတ်အောင်ပြုံးပြနေတဲ့ဂျာယောင်းကိုသူတစ်ဖန်ပြန်ပွေ့ဖက်လိုက်သည်။

"ငါမင်းကိုချစ်တယ်ထယ်ဆူ"

သူ့ရင်ခွင်ထဲကဂျာယောင်းကအသံတိုးတိုးလေးနဲ့ပြောလာသည်။

~~~~~~~~~~~~~~~~~~~~~~~~~~
အဖြူရောင်မွေးနေ့ကိတ်လေးဟာဂျာယောင်းရဲ့အရှေ့မှာထီးထီးကြီးရှိနေသည်။

ဂျာယောင်းကတော့မလှုပ်မယှက်နဲ့သူ့ရှေ့ကကိတ်မုန့်ကိုမှင်သေသေကြည့်နေသည်။

"သားလည်းကိတ်မုန့်စားချင်တယ်ကိုကို"

သူ့ဘေးကလေးလေးပင်ပင်ကလေးသံခပ်စူးစူးကြောင့်ဂျာယောင်းတစ်ချက်တုန်သွားပေမယ့်
"မင်းမြန်မြန်ထွက်သွားခဏနေရင်ထယ်ဆူလာတော့မှာ"

𝑻𝒐 𝑻𝒉𝒆 𝑫𝒂𝒓𝒌𝒔𝒊𝒅𝒆(𝒄𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) Where stories live. Discover now