"Happy Birthday To You...~
Happy Birthday To You..~
Happy Birthday~ To My Dear
ဂျာယောင်းး~~~Happy Birthday To Youuu~"
"ဟဟ..ဘာလဲကွာထယ်ဆူရာ.."
အမဲသားဟင်းပန်းကန်အလယ်မှာတူတစ်ချောင်းကိုစိုက်ပြီးလက်ခုပ်တေတီးHappy birthday သီချင်းတေထဆိုနေတဲ့ထယ်ဆူ့ကိုဂျာယောင်းကရယ်ကာပြောသည်။
"ကိုယ့်ရဲ့ဂျာယောင်းမွေးနေ့မှာမနက်စာကိုအမဲသားဟက်ပီးဗက်ဒေးလုပ်ပေးတာလေ"
"စပြန်ပြီနော်"
ဂျာယောင်းကအပြုံးလေးနဲ့သူ့ကိုပြောပြီးအမဲသားတစ်ချို့ကိုသူ့ပန်းကန်လုံးထဲထည့်ပေးလာသည်။
သူအသဲယားစွာဂျာယောင်းရဲ့ပါးလေးတစ်ဖက်ကိုဖျစ်လိုက်တော့ဂျာယောင်းကရယ်သည်။
"ချစ်လို့စတာပါနော်"
သူကဂျာယောင်းရဲ့အမူအရာလေးအတိုင်းပြန်လုပ်ပြတော့ဂျာယောင်းကမနိုင်ဘူးဆိုတဲ့သဘောနဲ့ခေါင်းလေးခါပြသည်။
"ယောကျာ်းကိုဦးချတယ်ပေါ့ဟုတ်လား"
ပန်းကန်ထဲကအမဲသားဟင်းကိုစားရင်းပြောလိုက်တော့သူကမျက်လုံးလေးကလယ်ကလယ်နဲ့ကျွန်တော့်ကိုကြည့်တယ်။
"ဟို...ငါကဒီတိုင်းပဲမင်းအထဲကိုထည့်မိတာ"
"..."
ဂျာယောင်းစကားကြောင့်ကျွန်တော့်ပါးစပ်ထဲကထမင်းတစ်ချို့ကိုမဝါးပဲမျိုချလိုက်မိသည်။
"ရေ.."
"ဟင်"
ထယ်ဆူမျက်နှာကြီးနီရဲလာကာ
"နင်နေပြီ..ရေ..ရေ..""အာ.."
ဂျာယောင်းကဖန်ခွက်နဲ့ရေအမြန်ထည့်ကာသူ့ကိုတိုက်သည်။
"သက်သာလား..နင်နေသေးလား"
စိုးရိမ်နေတဲ့မျက်ဝန်းတွေနဲ့မေးလာတဲ့ဂျာယောင်းကိုသူဖက်လိုက်တယ်။
"ကိုယ့်ဂျာယောင်းလေးကအကောင်းဆုံးပဲ"
"..."
သူထပ်ပြောလိုက်တယ်။ဂျာယောင်းကိုလည်းသူ့ရင်ခွင်ထဲမှာပွေ့ဖက်ပြီး"ချစ်တယ်ဂျာယောင်း၊မင်းကိုကိုယ့်အချစ်တွေစုပြုံနေတဲ့ငါးလေးပေးမယ်ဟိဟိ"
YOU ARE READING
𝑻𝒐 𝑻𝒉𝒆 𝑫𝒂𝒓𝒌𝒔𝒊𝒅𝒆(𝒄𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)
HorrorCredit to the photo Both unicode and zawgyi version Main Gener-Psychological Horror,Bl {OwnCreation}