Chapter-10

147 11 8
                                    

ညီစို့စို့အငွေ့အသက်တွေရနေပြီးအမှောင်ကျလူခြေတိတ်တဲ့လမ်းကျဥ်း
ကျဥ်းထဲကိုသူ့အားအတင်းအကျပ်ခေါ်လာခဲ့တဲ့လူတွေကိုစိတ်ထဲကနေပဲခနဲ့ရယ်လိုက်တယ်။သူ့ကိုဘာလုပ်မယ်မှန်းမသိတဲ့လူကြီးနှစ်ယောက်ကိုသူလုံးဝစိတ်ထဲမထည့်ပေထယ်ဆူရောက်လာရင်ဘယ်လိုဖြစ်မလဲဆိုတာကိုသာတွေးပြီးစိတ်လှုပ်ရှားနေသည်။နှာဘူးလူကြီးကသူ့လက်ကောက်ဝတ်ကိုတင်းကျပ်စွာဆုတ်ကိုင်ထားပြီးမျက်နှာရဲရဲကြီးနဲ့သူ့ကိုကြည့်ကာအဲ့လူပါးစပ်က
သူ့နားကိုကပ်လာပြီးစိတ်ပျက်စရာကောင်းသောလေသံကြီးနဲ့

"တကယ်အချောလေးပဲ"

ထိုလူ့ပါးစပ်ဆီကအရက်နံ့ရောတဲ့ခံတွင်းအနံ့အသက်တွေကိုရလိုက်တဲ့အချိန်မှာတော့ဂျာယောင်းမသိမသာနှာခေါင်းရှုံ့လိုက်သည်။အသက်ကိုလည်းအောင့်ထားလိုက်သည်။

"ခုနကငါတို့မေးတာကိုမင်းသေချာပြန်စဥ်းစားသင့်တယ်ထင်တယ်နော်ကောင်လေး"

"ဘယ်လိုလဲငါတို့နဲ့အိပ်မလား"

အဆီတဝင်းဝင်းမျက်နှာတွေနဲ့ထိုလူနှစ်ယောက်ကသူ့ကိုမဒိန်းကျင့်မယ်လို့တွေးနေတာတော့မဟုတ်ဘူးမလား။သူ့ကိုအရမ်းအထင်သေးနေတာပဲ။ဒီလူတွေကသူ့ကိုအားနွဲ့ပြီးနုနယ်တဲ့မိန်းကလေးတစ်ယောက်လိုမျိုးတွေးနေတာဆိုရင်တော့လုံးဝကိုရယ်စရာကြီးဖြစ်သွားပြီ။

ဂျာယောင်းထိုလူနှစ်ယောက်ကိုမှင်သေသေပြုံးပြလိုက်တယ်။သူ့မျက်လုံးတွေကမှေးထားရလွန်းလို့ထိုလူကြီးတွေကိုဝေဝါးဝါးပဲမြင်နိုင်တယ်။လက်တစ်ဖက်ကိုချုပ်နှောင်ထားခြင်းခံရတဲ့ဂျာယောင်းရဲ့နှုတ်ခမ်းတွေကပြုံးယောင်လေးသန်းလာပြီးပြောလာသည်။

"ငါ့လက်ကောက်ဝတ်"

ဂျာယောင်းဆီမှအသံထွက်လာ၍ထိုလူနှစ်ယောက်ဆီမှ"ဟမ်"လို့အသံထွက်လာလေတယ်။ဂျာယောင်းခြောက်ကပ်စွာထရယ်လိုက်လေတော့ထိုလူတွေကသူ့ကိုအူကြောင်ကြောင်မျက်နှာဘေးတွေနဲ့ကြည့်လာလေသည်။

သူ့လက်ကိုဆုတ်ကိုင်ထားတဲ့လူကိုဂျာယောင်းစိုက်ကြည့်ပြီးလေသံပြေပြေလေးနဲ့

𝑻𝒐 𝑻𝒉𝒆 𝑫𝒂𝒓𝒌𝒔𝒊𝒅𝒆(𝒄𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) Where stories live. Discover now