Chapter-15

91 8 0
                                    

သူ့ရဲ့မျက်ဝန်းတွေကိုပိတ်စလိုလိုခြေအိတ်လိုလိုအရာတစ်ခုနဲ့ချည်နှောင်ခြင်းခံရလိုက်သည်။သူလုံးဝမငြင်းဆန်မိ။မငြင်းဆန်နိုင်တာဆိုရင်ပိုမှန်လိမ့်မည်။အခုအချိန်မှာဖြစ်ဖြစ်သမျှအရာအားလုံးကိုသူနားမလည်နိုင်ပါ။

သူ့သူငယ်ချင်းကဘာလို့အခုလိုရုတ်တရတ်ကြီးပြောင်းလဲသွားရတာလဲ။
ဘာလို့လဲ ။ ဘာလို့ပါလဲ ။

"ဂျာ..ဂျာယောင်း"

သူအထစ်ထစ်အအအနဲ့ခေါ်လိုက်တယ်။

"ပါးစပ်ပိတ်ထား"

အေးစက်စက်အသံတိုးတိုးလေးကိုကြားလိုက်ရချိန်မှာအွန်စစ်မျက်ရည်တွေဝဲတက်လာခဲ့တယ်။ထို့နောက်တုန်ယင်နေသောအသံတစ်ချို့နဲ့...

"ဘာလို့လဲ..ဘာလို့လဲ!..ဘာလို့ငါ့ကိုဒီလိုလုပ်ရတာလဲ..ငါမှာဘာအပြစ်ရှိလို့လဲ"

ပြောနေရင်းအွန်စစ်မျက်ရည်တွေကျလာတာမို့ခြောက်သွေ့နေတဲ့ပိတ်စဟာအနည်းငယ်စိုစွတ်လာခဲ့လေသည်။

"နားညီးတယ်!တိုးတိုးနေ!"

ဂျာယောင်းအော်တာခံရပြီးသည့်နောက်မှာသူ့လက်တွေကိုနောက်ပြန်ကြိုးတုတ်တာခံစားလိုက်ရသည်။

အွန်စစ်အရမ်းကိုကြောက်လွန်းလို့ငိုရှိုက်နေမိသည်။ဘာလို့သူ့ကိုမှ သူ့ကျမှဒီလိုအဖြစ်မျိုးကြုံနေရတာလဲ သူအရမ်းကံဆိုးနေပြီလား။

"ငါတောင်းပန်ပါတယ် ဂျာယောင်းကျေးဇူးပြုပြီး..ကျေးဇူးပြုပြီးငါ့ကိုလွှတ်ပေးပါ၊ငါ..ငါ့အပြစ်ကိုပြောပြလေ ငါမင်းကိုဒူးထောက်ပြီးတောင်းပန်ပါ့မယ်"

နှာရည်ကြည်တွေကျကာမျက်ရည်တွေနဲ့ရောထွေးကုန်သောကြောင့်အွန်စစ်မျက်နှာလေးဟာပေလူးနေလေသည်။

ဘာအသံမှပြန်မကြားရသဖြင့်အွန်စစ်
ခေါင်းကိုဟိုဘက်ဒီဘက်လှည့်ကြည့်လိုက်သည်။မျက်လုံးအုပ်ထားတာကြောင့်ဘာမှမမြင်ရပေမဲ့လို့ပေါ့။
အရာအားလုံးတိတ်ဆိတ်နေသည်ကြားမှကြားလာရသောသူ့သူငယ်ချင်းအသံကအရင်ကလိုမဟုတ်ခဲ့တော့ပါ။

"ငါကြောက်တယ်အွန်စစ်"

အသံလာရာဘက်သို့အွန်စစ်လှည့်ကြည့်လိုက်သည်။ထို့နောက်သူ့ကိုဂျာယောင်းလာဖက်တာခံစားလိုက်ရသည်။

𝑻𝒐 𝑻𝒉𝒆 𝑫𝒂𝒓𝒌𝒔𝒊𝒅𝒆(𝒄𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) Where stories live. Discover now