မနက်ခင်းနေရောင်ခြည်ဟာတစ်ဖန်လည်တိုးဝင်လို့ရောက်လာခဲ့ပြန်ပါတယ်။ကုတင်ထက်မှာကောင်လေးနှစ်ယောက်ကတော့တစ်ယောက်နဲ့တစ်ယောက်ကျောပေးကာအိပ်နေကြတုန်းပင်။ညက..ဟုတ်တယ်ညတုန်းက
ထယ်ဆူကသူ့ရဲ့မွေးနေ့မှာတစ်ခုခုဖြစ်သွားခဲ့ပုံရတယ်။"ထယ်ဆူငါဘာဆုတောင်းလိုက်လဲသိလား"
မွေးနေ့ကိတ်ကိုလှီးနေရင်းနဲ့ကျွန်တော်ပြောလိုက်တယ်။ထယ်ဆူကကျွန်တော့်စကားကိုမကြားတာလားအာရုံမရတာလားမသိဘူးစကားပြန်မလာဘူး။အဲ့ဒါကြောင့်မို့ကျွန်တော်ကပဲရင်ခုန်စိတ်လှုပ်ရှားစွာနဲ့"ငါ့ဘဝတစ်လျှောက်လုံးမင်းနဲ့အတူရှိနိုင်ပါစေလို့ငါဆုတောင်းခဲ့တယ်"။အဲ့တော့မှထယ်ဆူ့ရဲ့မျက်ဝန်းနက်နက်တွေကကျွန်တော်ကိုကြည့်လာပြီးတင်းကျပ်စွာသူဖက်လာတယ်။သူ့ရင်ခွင်ထဲမှာပဲကျွန်တော်ငြိမ်သက်နေရင်းနောက်ထပ်စကားတစ်ခွန်းကိုတုန်တုန်ရီရီနဲ့ပြောလိုက်တယ်"ဟမ်မင်းဘယ်လိုထင်လဲ၊ငါမင်းနဲ့တစ်သက်လုံးနေနိုင်မယ်ထင်လား"။
ထယ်ဆူကခေါင်းခါတယ်။သူကအသံခပ်သြသြနဲ့ပဲ"ဒီလိုမျိုးမပြောပါနဲ့ဂျာယောင်းရာ၊ငါတို့ကအမြဲအတူတူရှိနေမှာပါ"။
'ငါမင်းဆီကနေကြားချင်တဲ့အဖြေကအဲ့လိုမဟုတ်ဘူးလေထယ်ဆူရာ။'
ကျွန်တော်သူ့ရင်ခွင်ထဲကနေရုန်းထွက်လိုက်တယ်။သူကတော့ကျွန်တော့်ကိုနားမလည်သလိုကြည့်နေလေတယ်။
သူကဘာလို့ရုတ်တရတ်ကြီးကျွန်တော်နဲ့စိမ်းသွားတယ်လို့ခံစားနေရတာပါလိမ့်။ကျွန်တော်ရူးနေလို့ပဲလားဒါမှမဟုတ်ရင်သူကပဲရူးနေတာလား။ကျွန်တော်ကိတ်မုန့်ကိုဇွန်းနဲ့ဖဲ့လိုက်ပြီးသူ့ကိုခွံ့ကျွေးလိုက်တယ်ကျွန်တော့်မျက်နှာကိုလည်းပြုံးထားရင်း"ထယ်ဆူအာာ"
ထယ်ဆူကပါးစပ်လေးဟပြီးကျွန်တော်ခွံ့ကျွေးတာကိုစားလိုက်တာမို့ကျွန်တော့်ရင်ထဲမှာပြန်ပြီးနွေးထွေးသွားတယ်။ကျွန်တော်သူ့ကိုအစားအစာတွေခွံ့ကျွေးရတာကိုအရမ်းကြိုက်တယ်။ကျွန်တော်ကျွေးတာကိုလိမ်လိမ်မာမာလေးနဲ့စားနေတဲ့ထယ်ဆူ့ပုံလေးကကျွန်တော့်စိတ်တွေကိုအေးချမ်းစေတယ်။
YOU ARE READING
𝑻𝒐 𝑻𝒉𝒆 𝑫𝒂𝒓𝒌𝒔𝒊𝒅𝒆(𝒄𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)
HorrorCredit to the photo Both unicode and zawgyi version Main Gener-Psychological Horror,Bl {OwnCreation}