Chapter-3

412 26 2
                                    

"မေမေကသားကိုမချစ်ဘူး"

10နှစ်အရွယ်ကလေးလေးဟာဝမ်းနည်းမှုကြောင့်ရှိုက်ငိုနေလေသည်။

သူ့ရဲ့ပါးဖောင်းဖောင်းလေးနှစ်ဖက်ဟာနီရဲနေပြီးနှာရည်တချို့ပါကျနေသည်။

"ဘယ်လိုပြောလိုက်တာလဲကလေးရဲ့မေမေကသားတို့နှစ်ယောက်စလုံးကိုချစ်ပါတယ်"

အမေကသူ့ကိုထွေးပိုက်ပြီးခေါင်းလေးကိုချစ်စနိုးနမ်းရင်းနဲ့ပြောလာတဲ့စကားကြောင့်ကလေးငယ်ဟာထိတ်လန့်သွားလေတယ်။

"ဘယ်သူ..ဘယ်သူလဲ"

မျက်ဝန်းနှစ်ဖက်ဟာအရည်ကြည်တွေလျှံကျကာမေးနေတဲ့ကလေးငယ်ကိုအမေဖြစ်သူဟာပြုံးကြည့်နေခဲ့တယ်။

သူမရဲ့နှုတ်ခမ်းတွေဟာအလွန်အမင်းကော့တက်စွာပြုံးနေတာကိုကလေးငယ်တွေ့လိုက်ရတဲ့အခါမှာတော့ကလေးငယ်ရဲ့ခန္ဓာကိုယ်ဟာတုန်ယင်လာပြီး
ကြောက်လန့်စွာသူမကိုကြည့်နေရှာတယ်။

သူမဟာအလွန်အမင်းပြုံးရွှင်နေတဲ့မျက်နှာနဲ့ကလေးငယ်ကိုစိုက်ကြည့်ကာ

"သားညီလေးလေ.."

သူမရဲ့စကားသံအဆုံးမှာကလေးငယ်ရဲ့ပုခုံးပေါ်ကိုကျရောက်လာတဲ့လက်သေးသေးတစ်ဖက်နဲ့အတူလေးလေးပင်ပင်ကလေးအသံလေးတစ်ခုကိုပါကြားလာရသည်။

"ကိုကို...သားနဲ့မဆော့ချင်ဘူးလားဟင်"

ကလေးငယ်ဟာတုန့်ဆိုင်းနေရာမှသူ့အနောက်ကိုဖြည်းဖြည်းချင်းကြောက်ရွံ့စွာလှည့်ကြည့်မိခြင်းနဲ့အတူ..

.
.

"အားးး!"

" ဂျာယောင်းး...ဂျာယောင်းသတိထားပါအုံး၊ကိုယ်ဒီမှာရှိတယ်၊ကိုယ်ရှိတယ်မကြောက်နဲ့နော်"

တစ်ကိုယ်လုံးတုန်ယင်နေတဲ့သူလေးကိုထယ်ဆူပွေ့ဖက်ထားကာခေါင်းလေးကိုပွတ်ပေးမိသည်။

"မကြောက်နဲ့နော်၊အိမ်မက်ဆိုးထပ်မက်ပြန်ပြီလား"

သူ့ရဲ့ရင်ခွင်ထဲကခန္ဓာကိုယ်လေးဟာတုန်ယင်နေဆဲပင်။ရှိုက်သံလေးတွေပါကြားလာရတာမို့သူလေးငိုနေပြီဆိုတာသိလိုက်ပြီ။

𝑻𝒐 𝑻𝒉𝒆 𝑫𝒂𝒓𝒌𝒔𝒊𝒅𝒆(𝒄𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) Where stories live. Discover now