𝑯𝒆𝒂𝒓𝒕𝒃𝒆𝒂𝒕

2.1K 254 9
                                    

[Unicode]

အဖြူရောင် duty coat ကိုဝတ်ပြီး နားကြပ်လေးဖြင့်လူနာ၏ နှလုံးခုန်နှုန်းကိုတိုင်းနေသည့်သူ..
လူနာနှင့်စကားပြောနေရာမှ သဘောကျလျှင်ထွက်ပေါ်လာသည့် အပြုံးနုနုလေး..။
ထိုအပြုံးနုနုလေးကို ပိုပြီး တောက်ပ‌အောင်လုပ်ပေးသည့် ယုန်သွားလေး ။ တကယ်ကို တစ်စိမ့်စိမ့်ကြည့်လေကို ဆွဲဆောင်မှုရှိတယ့်ယောင်္ကျားတစ်ယောက်ပင် ။

ထိုလူကားကျတော်၏ တိတ်တခိုးချစ်ရသူ
ဆရာဝန်ဂျွန်ဂျောင်ကု ။

"ထယ်ထယ်‌ရယ် ..ဆေးတိုက်ဖို့လိုက်ရှာနေတာကို ဒီမှာဘာထိုင်လုပ်နေပြန်တာလဲ ..?"

ဆေးဘူးလေးကိုင်ပြီး ‌မိမိထိုင်နေသည့်ဘေးသို့ ထိုင်ကာပြောလာသော ဂျင်ဟျောင်းန်ကြောင့် မျက်နှာချိုသွေးကာ ရယ်ပြ
လိုက်သည် ။

"အခန်းထဲမှာ နေရတာ ပျင်းလို့ လမ်းလျှောက်ထွက်ရင်းညောင်းလာလို့ထိုင်နေတာပါ ဟျောင်းန်ရဲ့ "

ထယ်ထယ်ရယ် မညာတတ်လိုက်တာ..!
လမ်းလျှောက်တယ်ဆိုလည်း ဆေးရုံရဲ့ ဘယ်နေရာမဆို လျှောက်လို့ရသားနဲ့ နှလုံးအထူးကုဆောင်နားမှာ လျှောက်ပြီးနားတော့လည်း နှလုံးအထူးကုဆောင်ရှေ့မှာတဲ့လား..
ဆရာဝန် ဂျွန်ဂျောင်ကု နှင့်တန်းနေသောဘဲ ...!

ညီငယ်လေးတစ်ယောက်ထဲပေမို့ ဟျောင်းန်ကတော့မဖြစ်သင့်တာ မဖြစ်အောင် ကာကွယ်ရမှာဘဲ ။

"ဒါဆိုလည်း ပြန်ကြမယ်လေ..
ဆေးလည်းသောက်ရဦးမယ် ။ ပြီးတော့ မ‌နက်ဖန်ဆေးစစ်လို့ အဆင်ပြေတယ်ဆို အိမ်ပြန်လို့ရတယ်ပြောတယ် "

"ဟင် ..တကယ်လား ။
အိမ်ပြန်ရတော့မှာလား "

မဖြစ်ဘူးလေ!.ဆေးရုံတက်နေသည်မို့သာ ဂျွန်နဲ့တွေ့လို့ရတာ အိမ်ပြန်သွားရင် ဂျွန်နဲ့တွေ့ဖို့ လမ်းစနည်းသွားမှာပေါ့ ..။

"အက်ရုပ်က ဘာဖြစ်သွားတာလဲ..?
ဆေးရုံက ဆင်းလို့ရတာ ဝမ်းသာစရာဘဲလေ ။ ထယ်ထယ်နော် ဆေးရုံက နေလို့ ကောင်းတဲ့နေရာမဟုတ်ဘူး ။ မားတို့လည်း စိတ်ပူနေပြီ ။ ရော့ ..ဆေးသောက်ဦး အချိန်ကျော်သွားလို့ မဖြစ်ဘူး "

လက်ထဲထည့်ပေးလာသည့် ဆေးလုံးတွေကိုကြည့်ပြီး ထယ်‌ယောင်းစိတ်ညစ်မိသည် ။ မွေးရာပါ နှလုံးရောဂါရှင်ဖြစ်သည့်အတွက် ဆေးတွေဆို ငယ်စဉ်ကတည်းကသောက်ရသည် ။ မိဘများရော အစ်ကိုဖြစ်သူကပါ ပိုးမွေးသလိုမွေးသော်လည်း လွန်ခဲ့တဲ့ လက heart atttackဖြစ်ပြီး ဆေးရုံသို့ရောက်လာပြီး ဆေးရုံက စိတ်ချရသည့်အခြေအနေ မရောက်သေးဟု ဆိုကာ မဆင်းခိုင်းသေးပေ ။

𝐏𝐮𝐫𝐩𝐥𝐞 𝐓𝐡𝐞𝐨𝐫𝐲 || Oɴᴇ Sʜᴏᴛ ||Nơi câu chuyện tồn tại. Hãy khám phá bây giờ