𝑪𝒐𝒎𝒑𝒆𝒕𝒊𝒕𝒊𝒐𝒏

2K 234 22
                                    

[Unicode]

ရောင်စုံမီးပျိုးပျိုးပျက်ပျက်တွေကြား
မဒီတစ်ယောက်၏ခါးကို ဖက်ကာ က
နေသောဂျွန်ဂျောင်ကု ။ကလပ်ကို အိမ်ဦး
ကြမ်းပြင်သတ်မှတ်ထားသည့်သူ့အဖို့
ခါးဖက်စရာမဒီများမှာလည်း မထပ်စေရ ။
ဒါပေမယ့် တစ်နေ့တစ်ယောက်ပြောင်းတွဲ
သည့်သူ့အတွက်အချစ်ဆိုတာ မသိ ၊ လိုလည်း
မလိုချင် ။

"ဟေး..ကနေတာလေးရပ်ပြီး ဒီကိုလာပါ
ဦး "

သူငယ်ချင်းဖြစ်သူ မင်ဝူးက ခုံမှာသောက်နေ
ရင်းလှမ်းခေါ်သည်မို့ ဖက်ထားသောမဒီ၏
ခါးကိုဖြုတ်ကာ ထွက်လာလိုက်သည် ။
ထိုမဒီကတော့ အနောက်တွင်တစ်ကြော်"
အော်ခေါ်နေလျက် ။

"ရောက်တာကြာပြီလား မင်ဝူး "

"အွန်း မင်းဟိုတစ်ယောက်နဲ့ မကခင်ကတည်းကပဲ
မင်းအပျော်လေး မနှောင့်ချင်တာနဲ့ ထိုင်သောက်နေ
တာ ၊ ဒါမယ့်ဟိုစော်က မင်းကို အပိုင်ခြံတော့မှာ
ကြိုမြင်နေလို့ မင်းကိုခေါ်လိုက်တာ "

ဂျောင်ကုလည်း ခေါင်းငြိမ့်ပြရင်း စားပွဲ
ပေါ်က အရက်တစ်ခွက်ယူသောက်လိုက်
သည် ။ ဂျောင်ကုက ရည်းစားတွေတစ်
နေ့တစ်ယောက် ၊စိတ်မပါရင် တစ်နာရီ
တစ်ယောက်ပြောင်းတတ်ပေမယ့် လွန်"
ကျုး"တော့တစ်ခါမှ မဖြစ်ဖူး ။သူကိုယ်
တိုင်က ယောင်္ကျားသားပေမို့ မြူစွယ်
လာသည်များကို သည်းခံရတာ ကျား
ရှေ့ အစာလာပြနေသလိုပင် ။

သို့သော်လည်း ကိုယ်တိုင်က ဒီလိုအပေါ
စားတွေနဲ့ စိတ်မပါသည်မို့ လူပျိုရည်မှာ
၂၃နှစ်အထိ မပျက်သေး ။

"ကျေးဇူးကွာ ..ငါလည်း ခုနက ငါခေါက်လိုက်တဲ့တစ်
‌ယောက်ကို စိတ်တိုနေတာနဲ့ ကောက်တွဲပြီးကလိုက်တာ
အတင်းတွေလိုက်နမ်းနေတော့ ငါလည်းစိတ်ရှုပ်လာရော"

"အင်း..မင်းက ဉပုတ်စောင့်တဲ့ကျားပါဆို အစာ
လေးတွေကလည်း မင်းဆီကိုမှ လာလာချင်ကြ
တာကိုး "

"ဉပုတ်စောင့်တာထက် ငါ့ဘက်က လိုလိုချင်ချင်
နေချင်တဲ့သူမရှိသေးဘူး ၊ ငါ့ဘက်က စနမ်းချင်
တာရောဘဲ အခုထိ မတွေ့ဖူးသေးဘူး "

မင်ဝူးလည်း သူငယ်ချင်းဖြစ်သူကိုကြည့်ပြီး
ဘာမှမပြောတော့ဘဲ အရက်သာသောက်
နေလိုက်တော့သည် ။ သူတစ်နေ့တော့ချစ်
တဲ့သူတွေ့ပါစေဆုတောင်းရင်းပေါ့ ။

𝐏𝐮𝐫𝐩𝐥𝐞 𝐓𝐡𝐞𝐨𝐫𝐲 || Oɴᴇ Sʜᴏᴛ ||Tempat cerita menjadi hidup. Temukan sekarang