𝑴𝒆 𝒃𝒆𝒇𝒐𝒓𝒆 𝒀𝒐𝒖

2.4K 282 35
                                    

[Unicode]

လူတိုင်း..ဘဝမှာ ချစ်ဦးသူဆိုတာရှိကြသည်မလား ..။
ဂျွန်‌‌ဂျောင်ကုဆိုတယ့် ကျတော့်မှာလည်းချစ်ဦးသူရှိဖူးသည် ။
သူမနှင့်ဘဲ ဘဝကို အတူတူတည်ဆောက်ဖို့အထိ စဉ်းစားခဲ့
ပေမယ့် သူမက ကျတော့်လို ဒုက္ခိတကို ထားခဲ့သည်လေ ။
အက်ဆီးဒင့်ကြောင့် မျက်လုံးကွယ်သွားတယ့် ကျတော့်အနား
မနေချင်တော့တယ့် သူမကိုလည်း ကျတော့်အနေနဲ့ ဆွဲမထား
ချင်တော့ပါ ။ ချစ်တယ်ပြောပြီး ရက်ရက်စက်စက်ထားပစ်
နိုင်တယ့် သူမ ၊ လက်ထပ်ဖို့အထိ လုပ်ပြီးကာမှ မျက်စိကွယ်
သွားတယ့် ကျတော် အင်း မဆုံတော့တာဘဲကောင်းပါသည်
လေ ။

" သား.. ဂျောင်ကု အမေ သူနာပြုခေါ်ထားတယ် "

ဂျောင်ကုလည်း မိခင်ဖြစ်သူစကားကြောင့် မိခင်ဖြစ်သူကို
အားနာရသည် ။ မိဘတွေ သဘောမတူတာကို ခိုးပြေးပေ
မယ့် ကံတရားက မျက်နှာသာမပေးခဲ့ဘဲ မျက်စိကွယ်စေ
သည် ။ တစ်ဦး‌တည်းသောသား အမွေဆက်ခံသူက ဒီလို
ဖြစ်နေတော့ ဖခင်ဖြစ်သူအပေါ် ပိုပြီး ဝန်ပိုစေပြန်သည် ။

ငိုသံကြားနေရသော်လည်း အမေဘယ်မှာ ထိုင်နေလဲဆိုတာ
မသိ‌သည့်အတွက် အမေရှိရာအရပ်ကိုမှန်းကာ ..

" ဘာလို့ခေါ်ထားတာလဲ .. အမေရယ်
သားအဆင်ပြေပါတယ် .. အိမ်ထဲက အပြင်အဆင်တွေအကုန်
သားမှတ်မိတယ် "

" ဒါမယ့် သားရယ် .. သားလေးကျန်းမာရေးအတွက်ပါ
အမေ တောင်းဆိုပါတယ်နော် ၊ သူနာပြုကလည်း မိန်းကလေး
မဟုတ်ပါဘူး ၊ ယောင်္ကျားလေးပါ "

အမေက အတင်း‌တောင်းဆိုနေတော့လည်း ဂျောင်ကုမှာ
လက်မခံချင်ဘဲ လက်ခံလိုက်ရသည် ။ သူ့အနေနဲ့ သူစိမ်း
တစ်ယောက်နဲ့ ပြောဆိုဆက်ဆံရမှာ အဆင်‌မပြေသေးဘူး ။
ဒါမယ့် ယောင်္ကျားလေးဆိုတော့ ဂျောင်ကုနဲ့ အဆင်ပြေပါစေ
သာ ဆုတောင်းမိသည် ။

________

လွယ်နေကြ လွယ်အိတ်လေးထဲ အပြင်သွားရင် ယူသွားလေ့
ရှိသည့် ပစ္စည်းများအားသေချာထည့်နေသော ထယ်ယောင်း ။
အလုပ်က လူနာပြုစုပေးရသည့် သူနာပြုအလုပ်ဖြစ်သည့်
အပြင် ဝါသနာလည်းပါသည်မို့ ထယ်ယောင်းအနေနဲ့လုပ်ရ
တာပျော်သည်လေ ။ ဒီနေ့ သွားရမယ့် အိမ်က မနာကျန်းဖြစ်
နေတာထက် မျက်လုံးကွယ်နေသည့် လူနာကို အနားမှာစောင့်
ရှောက်ပေးရုံသာ ။ သူနာပြုတွေထဲ မိန်းကလေးကိုမငှားချင်
သောကြောင့် ထယ်ယောင်းကို ငှားလာခြင်းပင် ။ ထယ်ယောင်း
အနေနဲ့ကတော့ ဘယ်လို လူနာပင်ဖြစ်ပါစေ စိတ်နှစ်ပြီး ပြုစု
စောင့်ရှောက်ပေးမည် ။

𝐏𝐮𝐫𝐩𝐥𝐞 𝐓𝐡𝐞𝐨𝐫𝐲 || Oɴᴇ Sʜᴏᴛ ||حيث تعيش القصص. اكتشف الآن